မကြာသေးမီရက်များတွင် ပြည်သူများရှေ့မှပျောက်ကွယ်နေသောခေါင်းဆောင် နှင့်ပတ်သက်သည့်ကော လာဟလများထွက်ပေါ်နေစဉ် ကင်ဂျုံအန်သည်သဝဏ်လွှာ တစ်စောင်ကိုပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံအာဏာရပါတီ၏သတင်းစာ တစ်စောင်မှ ရေးသားထုတ်ဝေခဲ့ပါသည်။
ကင်သည် အာဖရိကနိုင်ငံလွတ်မြောက်ရေးနေ့ (National Day) အတွက် တောင်အာဖရိကသမ္မတထံသို့ သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်ဟု သတင်းစာတွင် ထုတ်ပြန်ကြေညာထားပါသည်။သဝဏ်လွှာ ထဲတွင် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ပိုမိုခိုင်မာလာမည်ကိုယုံကြည် ကြောင်း ကင်မှပြောကြားခဲ့ပါသည်။ Wonsan တွင် အပန်းဖြေစခန်းဆောက်လုပ်နေသည့် အလုပ်သမားများအား ကျေးဇူးတင်ကြောင်းစာတစ်စောင်အပါအဝင် နိုင်ငံပိုင်မီဒီယာများမှ အလားတူဖြစ်စဉ် မျိုးကို ၃ ရက်ဆက်တိုက်ဖော်ပြခဲ့ပါသည်။
ကင်သည် နှလုံးခွဲစိတ်မှုခံယူပြီးနောက် အန္တရာယ်ရှိသောအခြေအနေတွင်ရှိနေ ကြောင်း CNN သတင်းဌာနတွင် ကင်၏ကျန်းမာရေးအခြေအနေကို သတင်းခေါင်းကြီး ပိုင်းအဖြစ်ဖော်ပြထားသော်လည်း တောင်ကိုရီးယာနိုင်ငံအစိုးရမှ မြောက်ကိုရီးယား နိုင်ငံတွင် ထူးထူးခြားခြားမရှိကြောင်းနှင့် ကင်သည်ကျန်းမာရေးကောင်း မွန်ပြီး သက်ရှိ ထင်ရှားရှိနေကြောင်းကို ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသမ္မတ Trump သည် ကင်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်သည့်ထင်မြင်ချက်များကို လျစ်လျူရှု့ခဲ့ပြီး ကင်အနေဖြင့်ပြန်လည်ကောင်းမွန် လာမည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။နှစ်နိုင်ငံခေါင်ဆောင်နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၉ခုနှစ် ဇွန်လတွင် inter-Korean Demilitarized Zone ၌ သမိုင်းဝင် ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြပါသည်။
Source -NHK #Myanmar_Online_News
<zawgyi>
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် တောင်အာဖရိကသမ္မတထံသို့ သဝဏ်လွှာ တစ်စောင်ပေးပို့
Tuesday, April 28, 2020

No comments:
Post a Comment