Saturday, April 11, 2020

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို အသိပေးခြင်း

Image may contain: text

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ(COVID-19)သည်ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြန့်နှံ့ဖြစ်ပွားမှုမြင့်တက်လျက်ရှိပြီး၊ နိုင်ငံအသီးသီးတွင် COVID-19 ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ပြည်ဝင်ဗီဇာများရပ်ဆိုင်းခြင်း၊ လေကြောင်းလိုင်းများ ခေတ္တရပ်နားခြင်း၊ နယ်စပ်ဂိတ်များပိတ်သိမ်းခြင်း၊ ပြည်ပမှလာရောက်သည့် ခရီးသည်များအား သတ်မှတ်ထားသည့် နေရာတွင်(၁၄)ရက်ကြာ Quarantine ထားရှိစောင့်ကြည့်ခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရောဂါပြန့်နှံ့မှုအား ထိရောက်စွာ ထိန်းချုပ်သွားနိုင်ရေးအတွက် သတ်မှတ်ထားသည့်နေရာများတွင် အသွားအလာကန့်သတ်၍ ကုသစောင့်ရှောက်မှုပေးခြင်း (Facility Quarantine) ကို မူလက (၁၄)ရက်အစား ယခုအခါ လူထုအခြေပြု ကုသစောင့်ရှောက်မှုပေးခြင်း (Community-based Facility Quarantine)(၂၁)ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း (Home Quarantine) ကာလ (၇)ရက်၊ စုစုပေါင်း (၂၈)ရက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း နှိုးဆော်လျက် ရှိပါသည်။
ထို့အပြင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လက်ရှိချမှတ်ထားသည့် မြန်မာနိုင်ငံသို့ ပျံသန်းလာရောက်မည့် နိုင်ငံတကာခရီးသည်တင်လေယာဉ်အားလုံးကို (၃၀-၃-၂၀၂၀)ရက်၊ ည ၂၃၅၉ နာရီမှ(၁၃-၄-၂၀၂၀)ရက်၊ည ၂၃၅၉ နာရီအထိ ဆင်းသက်ခွင့်ယာယီ ရပ်ဆိုင်းထားသည့်အစီအမံကိုရက်သတ္တပါတ်နှစ်ပါတ်ထပ်မံသက်တမ်းတိုးမြှင့်၍၊၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်၊ ည ၂၃၅၉ နာရီအထိ တိုးမြှင့်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
မြန်မာသံရုံးအနေဖြင့်လည်း All Nippon Airways ၏ Narita Airport Service Co., Ltd. နှင့် အနီးကပ်ဆက်သွယ်ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ် များ ပြန်လည်ပျံသန်းမည့်အစီအမံကို အချိန်နှင့်တစ်ပြေးညီ အသိပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ထို့အပြင် ယခင်ထုတ်ပြန်ထားခဲ့သည့်အတိုင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက်ခြင်းမပြုဘဲ၊ စာတိုက်မှတစ်ဆင့် ပေးပို့ ဆောင်ရွက်နိုင်ပါကြောင်းလည်း အသိပေးအပ်ပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အရေးပေါ်ကိစ္စတစ်စုံတစ်ရပ်ပေါ်ပေါက် ပါက အောက်ဖော်ပြပါဖုန်း/ဖက်စ်/အီးမေးလ်များသို့ဆက်သွယ်ဆောင်ရွက်ကြပါရန် ထပ်လောင်း အသိပေး အပ်ပါသည်-
Image may contain: text
ဖုန်း (၂၄ နာရီ) ၀၇၀ - ၄၄၁၃ ၇၃၈၃ / 070 - 4413 7383
(24 Hours Ph.)

ဖက်စ်အမှတ် ၀၃ - ၃၄၄၇ ၇၃၉၄ / 03 - 3447 7394
(Fax No.)

အီးမေးလ် contact@myanmar-embassy-tokyo.net
(Email)

မြန်မာသံရုံး
တိုကျိုမြို့။

၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်။

0 comments:

Post a Comment