Thursday, April 9, 2020

ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများနှင့် ခန့်မှန်းငွေကျပ် ၂ ဒသမရ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိ

Image may contain: food
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၉ ရက်နေ့ နံနက်ပိုင်းတွင် လွယ်ခမ်ကျေးရွာရှိ ဦးခေါ်ကျားဝမ် (ဘ)စိစစ်ဆဲ၏ နေအိမ်အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေရာ နေအိမ်နံရံတွင် အုတ်ကြွေပြား တံခါးပေါက်ပြုလုပ်ထားသော အလျားပေ ၂ဝ၊ အနံ ပေ ၂ဝ၊ အမြင့် ၇ ပေရှိ မြေအောက်ခန်းနှစ်ခန်းအတွင်းမှ Type-81 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊ Wilson Combat(FM 9) သေနတ်လေး လက်၊ ၄င်းကျည်အိမ်ရှစ်ခု၊ M-22 ကျည် ၁၂၃ တောင့်၊WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၃၆ဝဝဝဝ ပြား၊ 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေး ပြား ၉၆ဝဝဝဝ ပြား၊ ၁ ဂရမ်ပါ ဘိန်းဖြူဆပ်ပြာခွက် ၁၃၇ ခွက်(၁ ဒသမ ၃၇ ကီလို)၊ ဘိန်းစိမ်း ၆ ကီလိုနှင့် ကဖင်းအမှုန့် ၁ဝဝဝ ကီလို(စုစုပေါင်းမူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမရ ဘီလီယံကျော်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ သိမ်းဆည်း ရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်း စုစုပေါင်း တန်ဖိုး ငွေကျပ် ၄၁၄ ဘီလီယံကျော် ဖြစ်ပြီး ၎င်းသိမ်းဆည်းရမိ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။
#Myanmar_Online_News

>>zawgyi<<

ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများနှင့် ခန့်မှန်းငွေကျပ် ၂ ဒသမရ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိ
Friday, April 10, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၉ ရက်နေ့ နံနက်ပိုင်းတွင် လွယ်ခမ်ကျေးရွာရှိ ဦးခေါ်ကျားဝမ် (ဘ)စိစစ်ဆဲ၏ နေအိမ်အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေရာ နေအိမ်နံရံတွင် အုတ်ကြွေပြား တံခါးပေါက်ပြုလုပ်ထားသော အလျားပေ ၂ဝ၊ အနံ ပေ ၂ဝ၊ အမြင့် ၇ ပေရှိ မြေအောက်ခန်းနှစ်ခန်းအတွင်းမှ Type-81 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊ Wilson Combat(FM 9) သေနတ်လေး လက်၊ ၎င်းကျည်အိမ်ရှစ်ခု၊ M-22 ကျည် ၁၂၃ တောင့်၊WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၃၆ဝဝဝဝ ပြား၊ 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေး ပြား ၉၆ဝဝဝဝ ပြား၊ ၁ ဂရမ်ပါ ဘိန်းဖြူဆပ်ပြာခွက် ၁၃၇ ခွက်(၁ ဒသမ ၃၇ ကီလို)၊ ဘိန်းစိမ်း ၆ ကီလိုနှင့် ကဖင်းအမှုန့် ၁ဝဝဝ ကီလို(စုစုပေါင်းမူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမရ ဘီလီယံကျော်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ သိမ်းဆည်း ရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်း စုစုပေါင်း တန်ဖိုး ငွေကျပ် ၄၁၄ ဘီလီယံကျော် ဖြစ်ပြီး ၎င်းသိမ်းဆည်းရမိ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment