Saturday, April 11, 2020

အခြေခံလူတန်းစား ပြည်သူများစားသုံးရန် နိုင်ငံတော်အစိုးရမှထောက်ပံ့သော စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ဖြန့်ဝေရေးလုပ်ငန်းများတွင် တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် ပါဝင်ကူညီပို့ဆောင်

Image may contain: 1 person, standing

တပ်မတော်အနေဖြင့် နိုင်ငံတဝှမ်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းနှင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား ပြည်သူများစားသုံးရန် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော စားသုံး ကုန်ပစ္စည်းများ ထောက်ပံ့ဖြန့်ဝေရေးလုပ်ငန်းအတွက် စားသုံးကုန်များသယ်ယူပို့ဆောင်ရာတွင် တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် ပါဝင်ကူညီ သယ် ယူပို့ဆောင်ပေးသည်။

ဘားအံမြို့နယ်ရုံးမှ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံကျေးရွာသို့ ကြက်သန်နီ ၁၆၄ အိတ်နှင့် ကုလားပဲ ၁၀၀ အိတ်တို့ကို တပ်မတော်ပိုင်မော်တော်ယာဉ် ၃ စီးဖြင့် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ကူညီသယ်ယူပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးရာ ဘားအံတပ်နယ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်၊ တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်၊ ထန်တလန်မြို့နယ်များသို့ ပို့ဆောင်မည့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော် ပိုင်မော်တော် ယာဉ်များဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဟားခါးတပ်နယ်မှ တပ်မတော်သားများက လည်းကောင်း၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် အရာတော်မြို့နယ်များသို့ ရောက်ရှိလာသည့် ထောက်ပံ့ရေးပစ္စည်းများအား မတူပီတပ်နယ်နှင့် အရာတော်တပ်နယ်တို့မှ တပ်မတော်သားများက လည်းကောင်း ကူညီသယ်ယူပို့ ဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: one or more people and indoor
သတင်းစဉ်
<zawgyi>
အခြေခံလူတန်းစား ပြည်သူများစားသုံးရန် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော စားသုံးကုန် ပစ္စည်းများ ထောက်ပံ့ဖြန့်ဝေရေးလုပ်ငန်းများတွင် တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် ပါဝင်ကူညီပို့ဆောင်
Sunday, April 12 , 2020

တပ်မတော်အနေဖြင့် နိုင်ငံတဝှမ်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်တပ် တစ်အား တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းနှင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား ပြည်သူများစားသုံးရန် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော စားသုံး ကုန်ပစ္စည်းများ ထောက်ပံ့ ဖြန့်ဝေရေးလုပ်ငန်းအ တွက် စားသုံးကုန်များသယ်ယူပို့ဆောင်ရာတွင် တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် ပါဝင်ကူညီ သယ် ယူပို့ဆောင်ပေးသည်။
ဘားအံမြို့နယ်ရုံးမှ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံကျေးရွာသို့ ကြက်သန်နီ ၁၆၄ အိတ်နှင့် ကုလားပဲ ၁၀၀ အိတ်တို့ကို တပ်မတော်ပိုင်မော်တော်ယာဉ် ၃ စီးဖြင့် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ကူညီသယ်ယူပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးရာ ဘားအံတပ်နယ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်၊ တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်၊ ထန်တလန်မြို့နယ်များသို့ ပို့ဆောင်မည့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော် ပိုင်မော်တော် ယာဉ်များဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဟားခါးတပ်နယ်မှ တပ်မတော်သားများက လည်းကောင်း၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် အရာတော်မြို့နယ်များသို့ ရောက်ရှိလာသည့် ထောက်ပံ့ရေးပစ္စည်းများအား မတူပီတပ်နယ်နှင့် အရာတော်တပ်နယ်တို့မှ တပ်မတော်သားများက လည်းကောင်း ကူညီသယ်ယူပို့ ဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment