ရုရှားနိုင်ငံထိပ်တန်းသုတေသနစင်တာ၏ဉက္ကဌမှ ၎င်းတို့၏ဓါတ်ခွဲးခန်းတွင် စမ်းသပ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးများကို လာမည့်ဇွန်လတွင် လူသားများအပေါ် စမ်းသပ်မှုများပြုလုပ်ရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်အား ပြောခဲ့ပါသည်။ Vektor ရောဂါပိုးမွှားဗေဒနှင့် ဇီဝနည်းပညာဌာန Biotechnology Centre ၏ ဉက္ကဌ Rinat Maksyutov မှ ဇွန်လ ၂၉ ရက်နေ့မှ စ တင်၍ ကာကွယ်ဆေး ၃ မျိုးကို စေတနာ့ဝန်ထမ်း volunteer ၁၈၀ အား ပထမအဆင့်လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် ပြောကြားခဲ့ပါသည်။
Maksyutov သည် သမ္မတပူတင်နှင့် ထိပ်တန်းသုတေသနဌာနအကြီးအကဲများ အကြားဗီဒီယိုဖြင့်ချိတ် ဆက်၍ အစည်းအဝေးလုပ်နေစဉ် ပြောကြားခဲ့ပါသည်။စေတနာ့ဝန်ထမ်းအဖွဲ့ Volunteers Group များကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းမှ ပူတင်အားပြောကြားခဲ့ပြီး လူအများသည် စမ်းသပ်မှု အစိတ်အပိုင်းအချို့တွင် ပါဝင်လိုနေကြကြောင်း ပြောခဲ့ပါသည်။
မိမိတို့တွင် လျှောက်လွာပေါင်း ၃၀၀ ကျော်ကို လက်ခံရရှိထားပြီးဖြစ်ပါသည်။ ဧပြီလ ၃၀ ရက်နေ့တွင် ကြွက်များ၊ ယုန်များနှင့် အခြားသောတိရိစ္ဆာန်များကို စမ်းသပ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောခဲ့ပါ သည်။Vektor သည် လူသားများတွင် စမ်းသပ်မှုမပြုလုပ်မီ ဇွန်လ ၂၂ ရက်နေ့တွင် အကြိုလက်တွေ့လေ့လာမှုများ ပြုလုပ်ရန်အစီအစဉ်ဆွဲထားကြောင်း Maksyutov မှ ပြောကြာခဲ့ပါသည်။
သို့ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုမည်ဆိုပါက လူသာများအပေါ်စမ်း သပ်မှုကို မေလတွင် စတင်နိုင်မည်ဖြစ်ပါသည်။Vektor တွင်ကာကွယ်ဆေးဆိုင်ရာနည်းပညာများရှိပြီး အခြားသောကူးစက် ရောဂါများအတွက် လူသားများတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ကိုရိုနာ ဗိုင်းရပ်စ်အတွက် အသုံးပြုလာနိုင်ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုပေါင်း ၇၄၉၇ ရှိပြီး သေဆုံးမှုပေါင်း ၅၈ ခုရှိကြောင်း ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသော်လည်း လက်တွေ့တွင် ရောဂါ ကူးစက်မှုမှာ ပိုမိုများပြားနေမည်ဟု ယုံကြည်ရပါသည်။

Source - CNA
<zawgyi>
ရုရှားနိုင်ငံသည် လာမည့်ဇွန်လတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို လူသားများ အပေါ် စတင်စမ်းသပ်ရန်အဆင်အသင့်ဖြစ်
Wednesday, April 8, 2020

0 comments:
Post a Comment