အမေရိကန်လေကြောင်းလိုင်း(၁၀၀)က လေယာဉ်အမှုထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ လေယာဉ်အမှုထမ်းသမ္မဂရဲ့ ပြောကြားချက်ကို ကိုးကားပြီး အခုလ(၈)ရက်က စီအန်အန်နျူးဆို့စ်မှာ ဖော်ပြပါတယ်။
လေယာဉ်အမှုထမ်းသမ္မဂအနေနဲ့ ရှေ့တန်းမှာ အလုပ်လုပ်နေတဲ့ သူတို့ရဲ့အဖွဲ့ဝင်တွေအတွက် နှာခေါင်းစည်းတွေကို စတင် ထောက်ပံ့ပေးဖို့ တောင်းဆိုထားချက်ကို လေကြောင်းလိုင်းတွေကလည်း သဘောတူထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လေယာဉ်အမှုထမ်းသမ္မဂအဖွဲ့ဝင် (၂၇၀၀၀) ကျော်ဟာ အခြေအနေအရ နှာခေါင်းစည်း တွေကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ နှာခေါင်းစည်းတွေကိုတော့ ဒီတစ်ပတ်ထဲမှာ ဖြန့်ဝေပေးဖို့ စီစဉ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ လေယာဉ်အမှုထမ်းတွေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အမေရိကန် လေကြောင်းလိုင်းတွေက မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လေကြောင်းပျံသန်းမှုခရီးစဉ်ကို အဓိက ဖြတ်တောက်တာတွေကြောင့် မေလမှာ ခရီးစဉ် ပြန်လည်စတင်တဲ့အခါ လေယာဉ်အမှုထမ်း (၄) ဦးမှာ တစ်ဦးထိလျော့ချမှာဖြစ်ကြောင်း လေယာဉ်အမှုထမ်းသမ္မဂက ပြောပါတယ်။
Source: CNN
<zawgyi>
အမေရိကန်လေကြောင်းလိုင်း (၁၀၀) က လေယာဉ် အမှုထမ်းများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေ
Wednesday, April 8, 2020
အမေရိကန်လေကြောင်းလိုင်း(၁၀၀)က လေယာဉ်အမှုထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ လေယာဉ်အမှုထမ်းသမ္မဂရဲ့ ပြောကြားချက်ကို ကိုးကားပြီး အခုလ(၈)ရက်က စီအန်အန်နျူးဆို့စ်မှာ ဖော်ပြပါတယ်။
လေယာဉ်အမှုထမ်းသမ္မဂအနေနဲ့ ရှေ့တန်းမှာ အလုပ်လုပ်နေတဲ့ သူတို့ရဲ့အဖွဲ့ဝင်တွေအတွက် နှာခေါင်းစည်းတွေကို စတင် ထောက်ပံ့ပေးဖို့ တောင်းဆိုထားချက်ကို လေကြောင်းလိုင်းတွေကလည်း သဘောတူထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လေယာဉ်အမှုထမ်းသမ္မဂအဖွဲ့ဝင် (၂၇၀၀၀) ကျော်ဟာ အခြေအနေအရ နှာခေါင်းစည်း တွေကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ နှာခေါင်းစည်းတွေကိုတော့ ဒီတစ်ပတ်ထဲမှာ ဖြန့်ဝေပေးဖို့ စီစဉ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ လေယာဉ်အမှုထမ်းတွေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အမေရိကန် လေကြောင်းလိုင်းတွေက မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လေကြောင်းပျံသန်းမှုခရီးစဉ်ကို အဓိက ဖြတ်တောက်တာတွေကြောင့် မေလမှာ ခရီးစဉ် ပြန်လည်စတင်တဲ့အခါ လေယာဉ်အမှုထမ်း (၄) ဦးမှာ တစ်ဦးထိလျော့ချမှာဖြစ်ကြောင်း လေယာဉ်အမှုထမ်းသမ္မဂက ပြောပါတယ်။
Source: CNN
No comments:
Post a Comment