Thursday, April 9, 2020

ဗြိတိန် ဘိုးဘွားရိပ်သာများတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မြင့်တက်နေပြီး သားသမီးတွေက အိမ်ပြန်ခေါ်ကာ ပြုစုစောင့်ရှောက်

No photo description available.
ဗြိတိန် ဘိုးဘွားရိပ်သာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်အောင်လို့ ပြီးခဲ့တဲ့လကတည်းက အသွားအလာ ပိတ်ပင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ အဘိုးအဘွား သေဆုံးမှုတွေ မြင့်တက်နေပါတယ်။
လန်ဒန်အရှေ့ပိုင်းက ဟော့သွန်းဂရင်း ဘိုးဘွား ရိပ်သာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက် ၈၇ နှစ်အရွယ် ဂျမ်ရှတ်ဒ်အလီ ဆိုတဲ့ အဘိုးတစ်ယောက် ကွယ်လွန်ခဲ့ပါတယ်။ ဒီလို ကွယ်လွန်ချိန်မှာ အနားမှာ ရှိမနေနိုင်တဲ့အတွက် သမီးဖြစ်သူအနေနဲ့ ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။ အဘိုး အလီလိုပဲ အဲဒီဘိုးဘွား ရိပ်သာက တခြားအဘိုးအဘွားခြောက်ယောက်ဟာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်နေပါတယ်။ အလားတူ တခြား ၂၁ ယောက်မှာလည်း ကူးစက်နေပြီလို့ သံသယရှိထားပါတယ်။

တခြား ဘိုးဘွားရိပ်သာတွေမှာလည်း အဲဒီလိုပါပဲ။ အခုချိန်မှာတော့ သားသမီး ရှိတဲ့ အဘိုးအဘွားတချို့ကို သားသမီးတွေက အိမ်ပြန်ခေါပြီး ပြုစုစောင့်ရှောက်နေကြပါပြီ

ဗြိတိန်မှာက ဘိုးဘွားရိပ်သာ ၁၁၀၀၀ ရှိပြီး အဘိုးအဘွား ၄၃၃၀၀၀ နီးပါးကို စောင့်ရှောက်ပေးထားပါတယ်။ ဒါကြောင့် ဘိုးဘွားရိပ်သားတွေမှာ ကူးစက်မှု အမြင့်ဆုံးဖြစ်လာခဲ့ရင် ခုနစ် လေးသိန်းကျော် လိုအပ်မှာပါ။ ဒါဟာ လက်ရှိ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုဌာနက ထောက်ပံ့နိုင်တာထက် သုံးဆပိုများနေပါတယ်။ အဘိုးအဘွားတွေမှာက နဂိုရောဂါအခံ တွေလည်း ရှိနိုင်တာကြောင့် သေဆုံးမှုကလည်း ပိုမိုမြင့်တက်လာနိုင်ပါတယ်
Source-Reuters #Myanmar_Online_News

>>zawgyi<<

ဗြိတိန် ဘိုးဘွားရိပ်သာများတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မြင့်တက်နေပြီး သားသမီးတွေက အိမ်ပြန်ခေါ်ကာ ပြုစုစောင့်ရှောက်
Friday, April 10, 2020

ဗြိတိန် ဘိုးဘွားရိပ်သာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်အောင်လို့ ပြီးခဲ့တဲ့လကတည်းက အသွားအလာ ပိတ်ပင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ အဘိုးအဘွား သေဆုံးမှုတွေ မြင့်တက်နေပါတယ်။

လန်ဒန်အရှေ့ပိုင်းက ဟော့သွန်းဂရင်း ဘိုးဘွား ရိပ်သာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက် ၈၇ နှစ်အရွယ် ဂျမ်ရှတ်ဒ်အလီ ဆိုတဲ့ အဘိုးတစ်ယောက် ကွယ်လွန်ခဲ့ပါတယ်။ ဒီလို ကွယ်လွန်ချိန်မှာ အနားမှာ ရှိမနေနိုင်တဲ့အတွက် သမီးဖြစ်သူအနေနဲ့ ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။ အဘိုး အလီလိုပဲ အဲဒီဘိုးဘွား ရိပ်သာက တခြားအဘိုးအဘွားခြောက်ယောက်ဟာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်နေပါတယ်။ အလားတူ တခြား ၂၁ ယောက်မှာလည်း ကူးစက်နေပြီလို့ သံသယရှိထားပါတယ်။

တခြား ဘိုးဘွားရိပ်သာတွေမှာလည်း အဲဒီလိုပါပဲ။ အခုချိန်မှာတော့ သားသမီး ရှိတဲ့ အဘိုးအဘွားတချို့ကို သားသမီးတွေက အိမ်ပြန်ခေါပြီး ပြုစုစောင့်ရှောက်နေကြပါပြီ

ဗြိတိန်မှာက ဘိုးဘွားရိပ်သာ ၁၁၀၀၀ ရှိပြီး အဘိုးအဘွား ၄၃၃၀၀၀ နီးပါးကို စောင့်ရှောက်ပေးထားပါတယ်။ ဒါကြောင့် ဘိုးဘွားရိပ်သားတွေမှာ ကူးစက်မှု အမြင့်ဆုံးဖြစ်လာခဲ့ရင် ခုနစ် လေးသိန်းကျော် လိုအပ်မှာပါ။ ဒါဟာ လက်ရှိ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုဌာနက ထောက်ပံ့နိုင်တာထက် သုံးဆပိုများနေပါတယ်။ အဘိုးအဘွားတွေမှာက နဂိုရောဂါအခံ တွေလည်း ရှိနိုင်တာကြောင့် သေဆုံးမှုကလည်း ပိုမိုမြင့်တက်လာနိုင်ပါတယ်
Source-Reuters #Myanmar_Online_News

0 comments:

Post a Comment