Avigan ဆေးကို ဂျပန်အစိုးရမှပို့ဆောင်ပေးမည့်နိုင်ငံ များထဲတွင် အရှှေ့တောင်အာရှနိုင်ငံများထဲမှ မြန်မာ အပါအဝင် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား ၄နိုင်ငံလည်း ပါဝင်နေသည်ဟု မလေးရှားမီဒီယာများ၏ဖော်ပြမှုအရ သိရှိရသည်။
ဂျပန်သတင်းမီဒီယာတစ်ခုဖြစ်သည့် ကျိုဒိုမီဒီယာကဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကား၍ဖော်ပြထားမှုအရ ဂျပန်မှပို့ဆောင်မည့် ၃၈နိုင်ငံတွင်ဥရောပမှ ၂၅ နိုင်ငံ ပါဝင်သည်ဟုဆိုသည်။ အဆိုပါဥရောပ ၂၅ နိုင်ငံအနက်အများစုမှာ ဥရောပတိုက်အရှေ့ဘက် ပိုင်းမှ နိုင်ငံများဖြစ်သည်ဟုလည်း ဆိုသည်။ ထို့အတူ ကူဝိတ်အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှ ၅ နိုင်ငံလည်း ပါဝင်နေသည်ဟု သိရသည်။
Favipiravir ဟုလည်း သိရှိကြသည့်အဆိုပါ Avigan ဆေးကို Covid-19 လူနာများတွင် စမ်းသပ်ကုသနိုင်ရေးအတွက် အခမဲ့ပို့ဆောင်ပေးရန်စီစဉ်ထားသည် ဟုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တိုရှီမိဆုမိုတီဂီက ပြောကြားသည်။
"ဒီဆေးက Covid-19 လူနာတွေကို ကုသရာမှာ ထိရောက်မှု ရှိပါတယ်။ အထူးသဖြင့် ရောဂါလက္ခဏာ အပျော့စားကို ခံစားနေရတဲ့ လူနာတွေပေါ့" ဟုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးတိုရှီမိဆုမိုတီဂီက ဆိုသည်။
Avigan ဆေးကို လက်ခံရရှိသည့်နိုင်ငံများတွင် Covid-19 လူနာများကိုကုသရာ၌ မည်မျှထိရောက်ပြီးအစွမ်းရှိသည်ဆိုသည့် ဆေးကုသမှုဆိုင်ရာလေ့လာတွေ့ရှိချက်များရရှိရန်အတွက် ဆေးလက်ခံရရှိမည့် ၃၈ နိုင်ငံနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဟု တိုရှီမိဆုမိုတီဂီက ပြောသည်။
Avigan ဆေးကို Fujifilm Group လက်အောက်ခံToyama Chemical မှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက ဆေးကုသမှုအတွက် အတည်ပြု မှု ရရှိခဲ့သည်။ Fujifilm လိုင်စင် ရရှိထားသည့် Avigan ဆေးတွင်ပါဝင်သည့်ပစ္စည်းများ API (Active Pharmaceutical Ingredient)နှင့်ပတ်သက်သည့် ဖော်မြူလာကိုလည်း တရုတ်နိုင်ငံမှ Zhejiang Hisun ဆေးဝါးကုမ္ပဏီသို့ ၂၀၁၆ ခုနှစ် အတွင်းက ပေးခဲ့သည်ဟု သိရသည်။
Avigan ဆေးမှာ Covid-19 လူနာများကို ကုသရာတွင် ထိရောက်သည့်ဆေးဝါးဖြစ်သည်ဟုလည်း ယခု ၂၀၂၀ မတ်လအတွင်းက တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများအပြီးတွင် အတည်ပြုခဲ့သည်။Covid-19 လူနာများကို ကုသရာတွင် Avigan အား ကုသဆေးများအနက်မှတစ်မျိုးအဖြစ် တရားဝင် သတ် မှတ်ရန် တရုတ်အာဏာပိုင်များက စီစဉ်ထားပြီးဖြစ် သည်ဟုလည်း ကျိုဒိုသတင်းမီဒီယာက ဖော်ပြသည်။
သို့သော် Avigan တွင်လည်း အားနည်းချက်များရှိနေပြီး ကနဦးလေ့လာတွေ့ရှိချက်များအရ ကလေးမွေးဖွားခြင်းအတွက် ထိခိုက်မှုအချို ့ရှိကာ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ပေးရန်မသင့်တော်သည့် ဆေးဝါးဖြစ်သည်ဟုလည်း ကျိုဒိုသတင်းမီဒီယာက ဖော် ပြထားသည်။

Source : The Star, Kyodo News
Ref : The Ladies News
>>Zawgyi<<
ဂျပန်နိုင်ငံမှ COVID-19 လူနာများကို စမ်းသပ်ကုသရန် တုပ်ကွေးကုသဆေး Avigan ကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံသို့အခမဲ့ပို့ဆောင်ပေးမည်
Thursday, April 30, 2020
ဂျပန်နိုင်ငံတွင် တုပ်ကွေးရောဂါကုသရာ၌ အသုံးပြုနေသည့် Avigan ဆေးကို Covid-19 လူနာများတွင် စမ်းသပ်ကုသနိုင်ရေးအတွက် ကမ႓ာ့နိုင်ငံပေါင်း ၃၈ နိုင်ငံသို့ ယခုသီတင်းပတ်အတွင်း အခမဲ့ပို့ဆောင်ပေးရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။
Avigan ဆေးကို ဂျပန်အစိုးရမှပို့ဆောင်ပေးမည့်နိုင်ငံ များထဲတွင် အရှှေ့တောင်အာရှနိုင်ငံများထဲမှ မြန်မာ အပါအဝင် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား ၄နိုင်ငံလည်း ပါဝင်နေသည်ဟု မလေးရှားမီဒီယာများ၏ဖော်ပြမှုအရ သိရှိရသည်။
ဂျပန်သတင်းမီဒီယာတစ်ခုဖြစ်သည့် ကျိုဒိုမီဒီယာကဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကား၍ဖော်ပြထားမှုအရ ဂျပန်မှပို့ဆောင်မည့် ၃၈နိုင်ငံတွင်ဥရောပမှ ၂၅ နိုင်ငံ ပါဝင်သည်ဟုဆိုသည်။ အဆိုပါဥရောပ ၂၅ နိုင်ငံအနက်အများစုမှာ ဥရောပတိုက်အရှေ့ဘက် ပိုင်းမှ နိုင်ငံများဖြစ်သည်ဟုလည်း ဆိုသည်။ ထို့အတူ ကူဝိတ်အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှ ၅ နိုင်ငံလည်း ပါဝင်နေသည်ဟု သိရသည်။
Favipiravir ဟုလည်း သိရှိကြသည့်အဆိုပါ Avigan ဆေးကို Covid-19 လူနာများတွင် စမ်းသပ်ကုသနိုင်ရေးအတွက် အခမဲ့ပို့ဆောင်ပေးရန်စီစဉ်ထားသည် ဟုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တိုရှီမိဆုမိုတီဂီက ပြောကြားသည်။
"ဒီဆေးက Covid-19 လူနာတွေကို ကုသရာမှာ ထိရောက်မှု ရှိပါတယ်။ အထူးသဖြင့် ရောဂါလက္ခဏာ အပျော့စားကို ခံစားနေရတဲ့ လူနာတွေပေါ့" ဟုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးတိုရှီမိဆုမိုတီဂီက ဆိုသည်။
Avigan ဆေးကို လက်ခံရရှိသည့်နိုင်ငံများတွင် Covid-19 လူနာများကိုကုသရာ၌ မည်မျှထိရောက်ပြီးအစွမ်းရှိသည်ဆိုသည့် ဆေးကုသမှုဆိုင်ရာလေ့လာတွေ့ရှိချက်များရရှိရန်အတွက် ဆေးလက်ခံရရှိမည့် ၃၈ နိုင်ငံနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဟု တိုရှီမိဆုမိုတီဂီက ပြောသည်။
Avigan ဆေးကို Fujifilm Group လက်အောက်ခံToyama Chemical မှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက ဆေးကုသမှုအတွက် အတည်ပြု မှု ရရှိခဲ့သည်။ Fujifilm လိုင်စင် ရရှိထားသည့် Avigan ဆေးတွင်ပါဝင်သည့်ပစ္စည်းများ API (Active Pharmaceutical Ingredient)နှင့်ပတ်သက်သည့် ဖော်မြူလာကိုလည်း တရုတ်နိုင်ငံမှ Zhejiang Hisun ဆေးဝါးကုမ္ပဏီသို့ ၂၀၁၆ ခုနှစ် အတွင်းက ပေးခဲ့သည်ဟု သိရသည်။
Avigan ဆေးမှာ Covid-19 လူနာများကို ကုသရာတွင် ထိရောက်သည့်ဆေးဝါးဖြစ်သည်ဟုလည်း ယခု ၂၀၂၀ မတ်လအတွင်းက တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများအပြီးတွင် အတည်ပြုခဲ့သည်။Covid-19 လူနာများကို ကုသရာတွင် Avigan အား ကုသဆေးများအနက်မှတစ်မျိုးအဖြစ် တရားဝင် သတ် မှတ်ရန် တရုတ်အာဏာပိုင်များက စီစဉ်ထားပြီးဖြစ် သည်ဟုလည်း ကျိုဒိုသတင်းမီဒီယာက ဖော်ပြသည်။
သို့သော် Avigan တွင်လည်း အားနည်းချက်များရှိနေပြီး ကနဦးလေ့လာတွေ့ရှိချက်များအရ ကလေးမွေးဖွားခြင်းအတွက် ထိခိုက်မှုအချို့ရှိကာ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ပေးရန်မသင့်တော်သည့် ဆေးဝါးဖြစ်သည်ဟုလည်း ကျိုဒိုသတင်းမီဒီယာက ဖော် ပြထားသည်။
သို့သော် Avigan ဆေးကို ဂျပန်မှ အခမဲ့ပို့ဆောင်ပေးမည့် ၃၈ နိုင်ငံအပါအဝင် ကမ႓ာ့နိုင်ငံစုစုပေါင်း ၇၀ က တောင်းဆိုထားကြသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆုမိုတီဂီက ပြောကြားခဲ့သလို Avigan ဆေးကို ပိုမိုတိုးမြှင့်ထုတ်လုပ်ပေးရန် Fujifilm Group ကို ဂျပန် အစိုးရက တိုက်တွန်းထားသည်ဟု သိရသည်။
Avigan ဆေးကို လိုအပ်နေသည့် အခြားနိုင်ငံများအတွက် ဝယ်ယူဖြန့်ဖြူ းပေးနိုင်ရန်အတွက်လည်း ကမ႓ာ့ကုလသမဂ္ဂ(UN)သို့ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
Source : The Star, Kyodo News
Ref : The Ladies News
No comments:
Post a Comment