Tuesday, April 7, 2020

COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့်သူများအား နေပြည်တော်နှင့်ရန်ကုန်မြို့ တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက် လက်ခံလျက်ရှိ

Image may contain: one or more people, table, plant and outdoor

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့် ရမည့်သူ များအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး မတ် ၃၁ ရက် ညနေပိုင်းမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လက်ခံခဲ့ရာ ဧပြီ ၆ရက်အထိ ၁၃၀ ဦး လက်ခံ ခဲ့ပြီးဖြစ်သည်။

ယနေ့တွင်လည်း ဆက်လက် လက်ခံခဲ့ရာ မြဝတီမြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသားနှစ်ဦးကို ထပ်မံလက်ခံခဲ့ပြီး စုစုပေါင်း ၁၃၂ ဦးလက်ခံထားရှိပြီးဖြစ်သည်။
အလားတူ နေပြည်တော်၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌လည်း သီးသန့်စောင့် ကြည့်ရမည့်သူများအား ဧပြီ ၄ ရက်မှ စတင် လက်ခံခဲ့ရာ ၁၈၈ ဦး လက်ခံထားရှိပြီးဖြစ် ပြီး ယနေ့တွင်လည်း ဆက်လက်လက်ခံခဲ့ရာ ည ၇ နာရီခွဲအချိန်ထိ တရုတ်နိုင်ငံနှင့်နယ်စပ် ဒေသမြို့များဖြစ်သည့် ကျိုင်းတုံ၊ မင်းတပ်၊ တာချီလိတ်၊ မူဆယ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မြဝတီ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်ခမ်း၊ ဟုမ္မလင်းတို့မှပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၅၅ ဦး ထပ်မံရောက်ရှိခဲ့ကာ စုစုပေါင်း ၂၄၃ ဦး လက်ခံထားရှိပြီးဖြစ်သည်။ ၎င်းတို့အနက် ဧပြီ ၅ ရက်တွင် လက်ခံထား ရှိသော အမျိုးသား တစ်ဦးအား မူလအသည်းရောဂါဝေဒနာကြောင့် ပျဉ်းမနား မြို့ရှိ ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းပေးအပ် ခဲ့သဖြင့် စုစုပေါင်း ၂၄၂ ဦးအား လက်ခံ ထားရှိကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေပြည် တော် တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာန ချုပ်တို့ရှိ နယ်မြေခ ံဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အဆိုပါစောင့်ကြည့် လူနာများအားလုံးမှာ ကျန်းမာရေး ကောင်း မွန်လျက် ရှိကြောင်း သတင်းရရှိသည်။
Image may contain: one or more people and outdoor
Image may contain: outdoor
Image may contain: one or more people, people standing and outdoor
သတင်းစဉ်
<zawgyi>
COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့် သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့ တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းများ၌ ဆက်လက် လက်ခံလျက်ရှိ
Wednesday, April 8, 2020

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့် ရမည့်သူ များအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက် ပေးနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး မတ် ၃၁ ရက် ညနေပိုင်းမှစ၍ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လက်ခံခဲ့ရာ ဧပြီ ၆ရက်အထိ ၁၃၀ ဦး လက်ခံ ခဲ့ပြီးဖြစ်သည်။
ယနေ့တွင်လည်း ဆက်လက် လက်ခံခဲ့ရာ မြဝတီမြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား နှစ်ဦးကို ထပ်မံလက်ခံ ခဲ့ပြီး စုစုပေါင်း ၁၃၂ ဦးလက်ခံထားရှိပြီးဖြစ်သည်။
အလားတူ နေပြည်တော်၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌လည်း သီးသန့်စောင့် ကြည့်ရမည့်သူများအား ဧပြီ ၄ ရက်မှ စတင် လက်ခံခဲ့ရာ ၁၈၈ ဦး လက်ခံထားရှိပြီးဖြစ် ပြီး ယနေ့တွင်လည်း ဆက်လက်လက်ခံခဲ့ရာ ည ၇ နာရီခွဲအချိန်ထိ တရုတ်နိုင်ငံနှင့်နယ်စပ် ဒေသမြို့များဖြစ်သည့် ကျိုင်းတုံ၊ မင်းတပ်၊ တာချီလိတ်၊ မူဆယ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မြဝတီ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်ခမ်း၊ ဟုမ္မလင်းတို့မှပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၅၅ ဦး ထပ်မံရောက်ရှိခဲ့ကာ စုစုပေါင်း ၂၄၃ ဦး လက်ခံထားရှိပြီးဖြစ်သည်။ ၎င်းတို့အနက် ဧပြီ ၅ ရက်တွင် လက်ခံထား ရှိသော အမျိုးသား တစ်ဦးအား မူလအသည်းရောဂါဝေဒနာကြောင့် ပျဉ်းမနား မြို့ရှိ ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းပေးအပ် ခဲ့သဖြင့် စုစုပေါင်း ၂၄၂ ဦးအား လက်ခံ ထားရှိကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေပြည် တော် တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာန ချုပ်တို့ရှိ နယ်မြေခ ံဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အဆိုပါစောင့်ကြည့် လူနာများအားလုံးမှာ ကျန်းမာရေး ကောင်း မွန်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment