Saturday, April 11, 2020

Covid-19 လူနာအမှတ် ၂၅ နှင့်ဆက်စပ် အိမ်တော်ဖြူဟိုတယ်ဝန်ထမ်း ထွက်ပြေးရန် ကြံစည်

Image may contain: text that says 'Community Based Facility Quarantine Center အထက (ဘုတ်ပြင်း) ဘုတ်ပြင်းမြို့'
မြိတ်မြို့ မင်္ဂလာဆောင်သို့ လာရောက်ခဲ့သည့် ကိုဗစ်လူနာ အမှတ် ၂၅ နှင့်ပတ်သက်ခဲ့သည့် Lockdown ချခံထားရသည့် အိမ်တော်ဖြူဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ဧပြီလ ၁၁ ရက်နေ့က ထိန့်လန့်ကာ ထွက်ပြေးတိမ်းရှောင်ရန်ကြိုးစားခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် Covid 19 ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံမှသိရပါတယ်။
အဆိုပါ ဝန်ထမ်းအမျိုးသမီးသည် မြိတ်မြို့မှ ဘုတ်ပြင်းမြို့သို့ ခရီးသည်တင်ကားဖြစ် လိုက်ပါလာပြီး ဘုတ်ပြင်းမြို့၌ တိမ်းရှောင်ရန်ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာမှ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။

ယင်းအမျိုးသမီးနှင့်အတူ ကားပေါ်ပါလာတဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ၃ဦးကို ဘုတ်ပြင်းမြို့နယ် စာသင် ကျောင်း တွင် Facility Quarantine ပြုလုပ်ထားလိုက်နိုင်ကြောင်း ကော်မတီဝင် တစ်ဦးကဆိုပါတယ်။

ကိုဗစ်လူနာ အမှတ် ၂၅နှင့် ဆက်စပ်ခဲ့တဲ့ မြိတ်မြို့နှင့် ကော့သောင်း မြို့ရှိ မိသားစုဝင် ၂ရာနီးပါးကို Facility Quarantine ထားရှိထားကြောင်း သက်ဆိုင်ရာ ကော်မတီများထံမှသိရပါတယ်။
မြတ်ထွဋ် (မြိတ်)
<zawgyi>
Covid-19 လူနာအမှတ် ၂၅ နှင့်ဆက်စပ် အိမ်တော်ဖြူဟိုတယ်ဝန်ထမ်း ထွက်ပြေးရန် ကြံစည်
Sunday, April 12, 2020

မြိတ်မြို့ မင်္ဂလာဆောင်သို့ လာရောက်ခဲ့သည့် ကိုဗစ်လူနာ အမှတ် ၂၅ နှင့်ပတ်သက်ခဲ့သည့် Lockdown ချခံထားရသည့် အိမ်တော်ဖြူဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ဧပြီလ ၁၁ ရက်နေ့က ထိန့်လန့်ကာ ထွက် ပြေးတိမ်းရှောင်ရန်ကြိုးစားခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် Covid 19 ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံမှသိရပါတယ်။

အဆိုပါ ဝန်ထမ်းအမျိုးသမီးသည် မြိတ်မြို့မှ ဘုတ်ပြင်းမြို့သို့ ခရီးသည်တင်ကားဖြစ် လိုက်ပါလာပြီး ဘုတ်ပြင်းမြို့၌ တိမ်းရှောင်ရန်ကြိုးစားခဲ့ေသာ်လည်း သက်ဆိုင်ရာမှ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။

ယင်းအမျိုးသမီးနှင့်အတူ ကားပေါ်ပါလာတဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ၃ဦးကို ဘုတ်ပြင်းမြို့နယ် စာသင် ကျောင်း တွင် Facility Quarantine ပြုလုပ်ထားလိုက်နိုင်ကြောင်း ကော်မတီဝင် တစ်ဦးကဆိုပါတယ်။

ကိုဗစ်လူနာ အမှတ် ၂၅နှင့် ဆက်စပ်ခဲ့တဲ့ မြိတ်မြို့နှင့် ကော့သောင်း မြို့ရှိ မိသားစုဝင် ၂ရာနီးပါးကို Facility Quarantine ထားရှိထားကြောင်း သက်ဆိုင်ရာ ကော်မတီများထံမှသိရပါတယ်။
မြတ်ထွဋ် (မြိတ်)

0 comments:

Post a Comment