Wednesday, April 8, 2020

ယနေ့ ဝေဘာဂီ နှင့် ပြည် ဆေးရုံတို့မှ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂) ဦးသေဆုံးမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Image may contain: text
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-17) နှင့် (Case-16) သေဆုံးမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -
၁။ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နေထိုင်သော (၂-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ (Case -17) အဖြစ် ကြေညာခဲ့သည့် အသက် (၄၇) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသားတစ်ဦးအား (၂-၄-၂၀၂၀) ရက်နေ့၊ ညတွင် ပြည်သူ့ဆေးရုံ၊ ပြည်မြို့တွင် ကုသမှုပေးခဲ့ပါသည်။

အဆိုပါလူနာသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းဆိုးသွေးပါခြင်း၊ မောပန်း ခြင်း စသည့်လက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပြည်မြို့ရှိ အထူးကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ကုသမှုခံယူစေခဲ့ပြီး အထူး ကြပ်မတ်ခန်း၌ ဆေးကုသမှုပေးနေစဉ် အဆိုပါလူနာမှာ (၇-၄-၂၀၂၀) ရက်နေ့တွင် အမောဖောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်ဓာတ် ကျဆင်းခြင်း လက္ခဏာများခံစားခဲ့ရကာ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ရှိ အထူးကုသမားတော်ကြီးများ ပါဝင်သော အဖွဲ့၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ဆေးပညာဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်မှ ပါမောက္ခ၊ သမားတော်ကြီးများ ပါဝင်သောအဖွဲ့တို့က ပူးပေါင်း၍ ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သော်လည်း လူနာ၏ အခြေအနေမှာ သက်သာလာခြင်း မရှိဘဲ (၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃:၄၀) နာရီအချိန်တွင် သေဆုံးခဲ့ပါသည်။

သေဆုံးရသည့် အကြောင်း အရင်း (Cause of Death) မှာ ပြင်းထန်အဆုတ်ရောင် ရောဂါ ကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံတို့ကြောင့် ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။

၂။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင်နေထိုင်သူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ပြီး (၁-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ (Case -16) အဖြစ် ကြေညာခဲ့သည့် အသက် (၆၃) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးလူနာအား (၁-၄-၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် ဝေဘာဂီ အထူးကုဆေးရုံကြီး၊ အထူး ကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့၍ ဆေးကုသမှုပေးနေစဉ် လူနာ၏ အခြေအနေမှာ (၂-၄-၂၀၂၀) ရက်နေ့မှ စတင်၍ ပိုမိုဆိုးရွားလာခဲ့ပါသည်။

(၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါလူနာမှာ အပြင်းဖျားခြင်း၊ သတိကောင်းစွာမရခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း ဝေဒနာများခံစားခဲ့ပြီး ဝေဘာဂီအကူးကုဆေးရုံကြီးရှိ ပါမောက္ခ သမားတော်ကြီးများ ပါဝင်သောအဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သော်လည်း လူနာ ၏ အခြေအနေမှာ သက်သာလာခြင်းမရှိဘဲ (၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၅) နာရီ အချိန်တွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းများ (Causes of Death) မှာ -

(၁) ရုတ်တရက် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားပုပ်သွားခြင်း၊ (Acute Myocardial Infarct)

(၂) ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Pneumonia)

(၃) အမျိုးအစား (၂) ဆီးချိုရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံး သွေးကြောကျဉ်းရောဂါအခံရှိခြင်း (Underlying Type –II Diabetes Mellitus, Chronic Kidney Disease and Ischemic Heart Disease)တို့ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။

Source : Ministry of Health and Sports, Myanmar #Myanmar_Online_News

>>Zawgyi<<

ယနေ့ ဝေဘာဂီ နှင့် ပြည် ဆေးရုံတို့မှ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂) ဦးသေဆုံးမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
Wednesday, April 8, 2020

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-17) နှင့် (Case-16) သေဆုံးမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -

၁။ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နေထိုင်သော (၂-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ (Case -17) အဖြစ် ကြေညာခဲ့သည့် အသက် (၄၇) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသားတစ်ဦးအား (၂-၄-၂၀၂၀) ရက်နေ့၊ ညတွင် ပြည်သူ့ဆေးရုံ၊ ပြည်မြို့တွင် ကုသမှုပေးခဲ့ပါသည်။

အဆိုပါလူနာသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းဆိုးသွေးပါခြင်း၊ မောပန်း ခြင်း စသည့်လက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပြည်မြို့ရှိ အထူးကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ကုသမှုခံယူစေခြဲ့ပီး အထူး ကြပ်မတ်ခန်း၌ ဆေးကုသမှုပေးနေစဉ် အဆိုပါလူနာမှာ (၇-၄-၂၀၂၀) ရက်နေ့တွင် အမောဖောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်ဓာတ် ကျဆင်းခြင်း လက္ခဏာများခံစားခဲ့ရကာ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ရှိ အထူးကုသမားတော်ကြီးများ ပါဝင်သော အဖွဲ့၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ဆေးပညာဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်မှ ပါမောက္ခ၊ သမားတော်ကြီးများ ပါဝင်သောအဖွဲ့တို့က ပူးပေါင်း၍ ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သော်လည်း လူနာ၏ အခြေအနေမှာ သက်သာလာခြင်း မရှိဘဲ (၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃:၄၀) နာရီအချိန်တွင် သေဆုံးခဲ့ပါသည်။

သေဆုံးရသည့် အကြောင်း အရင်း (Cause of Death) မှာ ပြင်းထန်အဆုတ်ရောင် ရောဂါ ကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံတို့ကြောင့် ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။

၂။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင်နေထိုင်သူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ပြီး (၁-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ (Case -16) အဖြစ် ကြေညာခဲ့သည့် အသက် (၆၃) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးလူနာအား (၁-၄-၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် ဝေဘာဂီ အထူးကုဆေးရုံကြီး၊ အထူး ကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့၍ ဆေးကုသမှုပေးနေစဉ် လူနာ၏ အခြေအနေမှာ (၂-၄-၂၀၂၀) ရက်နေ့မှ စတင်၍ ပိုမိုဆိုးရွားလာခဲ့ပါသည်။

(၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါလူနာမှာ အပြင်းဖျားခြင်း၊ သတိကောင်းစွာမရခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း ဝေဒနာများခံစားခဲ့ပြီး ဝေဘာဂီအကူးကုဆေးရုံကြီးရှိ ပါမောက္ခ သမားတော်ကြီးများ ပါဝင်သောအဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သော်လည်း လူနာ ၏ အခြေအနေမှာ သက်သာလာခြင်းမရှိဘဲ (၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၅) နာရီ အချိန်တွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းများ (Causes of Death) မှာ -

(၁) ရုတ်တရက် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားပုပ်သွားခြင်း၊ (Acute Myocardial Infarct)

(၂) ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Pneumonia)

(၃) အမျိုးအစား (၂) ဆီးချိုရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံး သွေးကြောကျဉ်းရောဂါအခံရှိခြင်း (Underlying Type –II Diabetes Mellitus, Chronic Kidney Disease and Ischemic Heart Disease)တို့ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။

Source : Ministry of Health and Sports, Myanmar #Myanmar_Online_News

0 comments:

Post a Comment