အလွန်အမင်း ဖျားနာနေသည့် ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဖွဲ့၏ သုံးပုံနှစ်ပုံကျော်ကို အီဘိုလာ ရောဂါ ကုသရန်စီမံထားသည့် ဆေးဝါးတစ်မျိုးဖြင့်ကုသခဲ့ရာ ကောင်းမွန်စွာ တုံ့ပြန်ခဲ့သည်ဟု နိုင်ငံတကာမှသုတေသီများပါ အဖွဲ့တစ်ဖွဲ့က ပြောကြားသည်။
ဂျပန်၊ အမေရိကန်နှင့် ဥရောပတိုက်မှ သုတေသီများက ဧပြီလ ၁၀ ရက်တွင် နယူးအင်္ဂလန်ဆေးပညာဂျာ နယ်၌ ထိုသတင်းကို ဖော်ပြခဲ့သည်။
အစမ်းသဘောဖြင့် အီဘိုလာရောဂါ ကာကွယ်ဆေး remdesivir ကို အမေရိ ကန်ကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်လျက်ရှိသည်။
ဂျပန်နှင့် တရုတ်အပါအဝင် တိုင်းပြည်အချို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းရင်း များကြောင့် အဆိုပါဆေးဝါးကို ကိုဗစ်-၁၉ ရောဂါအတွက် ဖြစ်နိုင်ဖွယ်ရာ ကုသမှုတစ်ခုအဖြစ် စတင်အသုံးပြုခဲ့ သည်။
ပြင်းထန်သော ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများကြောင့် ဆေးရုံတင်ခဲ့ရပြီး remdesivir ဆေးဝါးနှင့် ကုသပေးခဲ့သည့် လူနာ ၅၃ ဦး၏ရလဒ်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေး remdesivir ထိုးပေးပြီးနောက် လူနာ ၃၆ ဦး အခြေအနေကောင်းမွန်လာခဲ့ သည်ဟု သုတေသီများက ပြောသည်။
အသက်ရှူအထောက်အကူပြုကိရိယာ တပ်ဆင်ပေးထားသည့် လူနာ ၃၀ ဦးအနက် ၁၇ ဦး၏ အသက်ရှူ ပြွန်များကို ဆရာဝန်များက ဖယ်ရှားပေးနိုင်ခဲ့သည်။
အသက်ရှူခြင်းနှင့် နှလုံးအလုပ်လုပ်မှုကို အထောက်အကူပြုသည့် ECMO စက်များတပ်ဆင်ပေးထား သည့် လူနာလေးဉီးလျင် သုံးဉီးမှာ ထိုစက်အကူအညီ မလိုအပ်တော့ဟု ၎င်းတို့က ပြောသည်။ အီဘိုလာကာကွယ် ဆေး remdesivir က အပြင်းအထန် ဖျားနာနေသည့် ကိုရိုနာဗိုင်းရပ်စ် လူနာများအတွက် အတိုင်းအတာတစ်ခုအ ထိ ထိရောက်မှုရှိသည်ဟု သုတေသီအဖွဲ့က ပြောသည်။
သို့သော်လည်း ဆေးဝါး၏ ထိရောက်မှုနှင့်ပတ်သက်၍ သုံးသပ်ချက်တစ်ခုပြုလုပ်ရန် နောက်ထပ် လက် တွေ့စမ်းသပ်မှုများ လိုအပ်မည်ဖြစ်ကြောင်း သုတေသီအဖွဲ့က ဆိုသည်။

Source - Myitphyar Irra
<zawgyi>
Covid-19 ကူးစက်လူနာ ကုသရာတွင် အီဘိုလာကာကွယ်ဆေးက ထိရောက်မှုရှိဟု သုတေသီများ ပြော
Saturday, April 11, 2020
အလွန်အမင်း ဖျားနာနေသည့် ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဖွဲ့၏ သုံးပုံနှစ်ပုံကျော်ကို အီဘိုလာ ရောဂါ ကုသရန်စီမံထားသည့် ဆေးဝါးတစ်မျိုးဖြင့်ကုသခဲ့ရာ ကောင်းမွန်စွာ တုံ့ပြန်ခဲ့သည်ဟု နိုင်ငံတကာမှ သုတေသီများပါ အဖွဲ့တစ်ဖွဲ့က ပြောကြားသည်။
ဂျပန်၊ အမေရိကန်နှင့် ဥရောပတိုက်မှ သုတေသီများက ဧပြီလ ၁၀ ရက်တွင် နယူးအင်္ဂလန်ဆေးပညာဂျာ နယ်၌ ထိုသတင်းကို ဖော်ပြခဲ့သည်။
အစမ်းသဘောဖြင့် အီဘိုလာရောဂါ ကာကွယ်ဆေး remdesivir ကို အမေရိ ကန်ကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်လျက်ရှိသည်။
ဂျပန်နှင့် တရုတ်အပါအဝင် တိုင်းပြည်အချို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းရင်း များကြောင့် အဆိုပါဆေးဝါးကို ကိုဗစ်-၁၉ ရောဂါအတွက် ဖြစ်နိုင်ဖွယ်ရာ ကုသမှုတစ်ခုအဖြစ် စတင်အသုံးပြုခဲ့ သည်။
ပြင်းထန်သော ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများကြောင့် ဆေးရုံတင်ခဲ့ရပြီး remdesivir ဆေးဝါးနှင့် ကုသပေးခဲ့သည့် လူနာ ၅၃ ဦး၏ရလဒ်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေး remdesivir ထိုးပေးပြီးနောက် လူနာ ၃၆ ဦး အခြေအနေကောင်းမွန်လာခဲ့ သည်ဟု သုတေသီများက ပြောသည်။
အသက်ရှူအထောက်အကူပြုကိရိယာ တပ်ဆင်ပေးထားသည့် လူနာ ၃၀ ဦးအနက် ၁၇ ဦး၏ အသက်ရှူ ပြွန်များကို ဆရာဝန်များက ဖယ်ရှားပေးနိုင်ခဲ့သည်။
အသက်ရှူခြင်းနှင့် နှလုံးအလုပ်လုပ်မှုကို အထောက်အကူပြုသည့် ECMO စက်များတပ်ဆင်ပေးထား သည့် လူနာလေးဉီးလျင် သုံးဉီးမှာ ထိုစက်အကူအညီ မလိုအပ်တော့ဟု ၎င်းတို့က ပြောသည်။ အီဘိုလာကာကွယ် ဆေး remdesivir က အပြင်းအထန် ဖျားနာနေသည့် ကိုရိုနာဗိုင်းရပ်စ် လူနာများအတွက် အတိုင်းအတာတစ်ခုအ ထိ ထိရောက်မှုရှိသည်ဟု သုတေသီအဖွဲ့က ပြောသည်။
သို့သော်လည်း ဆေးဝါး၏ ထိရောက်မှုနှင့်ပတ်သက်၍ သုံးသပ်ချက်တစ်ခုပြုလုပ်ရန် နောက်ထပ် လက် တွေ့စမ်းသပ်မှုများ လိုအပ်မည်ဖြစ်ကြောင်း သုတေသီအဖွဲ့က ဆိုသည်။
Source - Myitphyar Irra

0 comments:
Post a Comment