
တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပျံ့ပွားမှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက် အားတိုက် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် တပ်မတော်က လှူဒါန်းသော (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအထောက်အကူပြုပစ္စည်းများကို မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် သွားရောက်ပေးပို့လှူဒါန်းလျက်ရှိရာ တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask များ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး လက်အိတ် (Surgical Gloves) များ၊ မျက်မှန် (Goggles)များ၊ ဗီဒီယိုစနစ်ဖြင့်လည်ချောင်းအတွင်း ကြည့်ရှုသည့်ကိရိယာ (Video Laryngoscope) နှင့် ရေမလိုလက်သန့်ဆေးရည်များကို သက်ဆိုင်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့်ကွပ်ကဲမှုနယ်မြေများအတွင်းရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို သက်ဆိုင်ရာ တိုင်းမှူးများနှင့်တာဝန်ရှိသူများက ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။





Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
No comments:
Post a Comment