Wednesday, April 1, 2020

COVID19ကြောင့် မိုဘိုင်းအော်ပရေတာများ ဝန်ဆောင်ခနှုန်းထားများ လျော့ချခဲ့သော်လည်း MPT မပါဝင်သေးကြောင်း ထုတ်ပြန်

No photo description available.
COVID19 ကာလတွင်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အော်ပရေတာများထံ ဝန်ဆောင်ခနှုန်းထားများ လျော့ချရန်တိုက်တွန်းခဲ့ရာလက်ရှိအချိန်အထိMPTကလွဲပြီးကျန်အော်ပရေတာများကလျော့ချခဲ့သည်ဟုဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနကထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် MPTက လျော့ချပေးသည့်စာရင်းတွင်ပါရှိခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန သည် Covid 19 ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အ လက်များကို အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့်ရရှိရန် အထောက်အကူပြု စေရေး၊ Work From Home ပြုလုပ်သူများအတွက် ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေစေ ရေး၊ အများပြည်သူများ သက်သာသောနှုန်းထားဖြင့် ဆက်သွယ်ပြောဆိုနိုင်ရေး တို့ကို ရည်ရွယ်၍ မိုဘိုင်းဝန်ဆောင်ခနှုန်းထားများအတွက် ထားရှိရမည့် အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို (၂၇-၃-၂၀၂၀) မှ (၃၀-၆-၂၀၂၀) ထိ ဖြေလျော့ပေကြောင်းသိရသည်။

အော်ပရေတာများအနေဖြင့် ယခုကာလအတွင်း မိမိတို့၏ အကျိုးစီးပွားကို အဓိကမထားဘဲ အများပြည်သူများ သက်သာသောနှုန်းထားဖြင့် သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခနှုန်းထားများ လျော့ချဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် MYTELအော်ပရေတာက ငွေဖြည့်လျှင်၅၀ရာခိုင်နှုန်းအပိုဆောင်းပေးခြင်း၊TELENOR အော်ပရေတာက အားကစားနှင့်ကျန်မာရေးဝန်ကြီးဌာန ဝဘ်ဆိုဒ် အခမဲ့ ကြည်ရှု့ခွင့်နှင့် OOREDOO အော်ပရေတာက အင်တာနက် Package အပိုင်း လျော့ချပေးခဲ့ ကြောင်းသိရသည်။
Ref; TheFifthWaveNews
#Myanmar_Online_News
>>zawgyi<<
COVID19ကြောင့် မိုဘိုင်းအော်ပရေတာများ ဝန်ဆောင်ခနှုန်းထားများ လျော့ချခဲ့သော်လည်း MPT မပါဝင်သေးကြောင်း ထုတ်ပြန်
Wednesday, April 1, 2020

COVID19 ကာလတွင်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အော်ပရေတာများထံ ဝန်ဆောင်ခနှုန်းထားများ လျော့ချရန်တိုက်တွန်းခဲ့ရာလက်ရှိအချိန်အထိMPTကလွဲပြီးကျန်အော်ပရေတာများကလျော့ချခဲ့သည်ဟုဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် MPTက လျော့ချပေးသည့်စာရင်းတွင်ပါရှိခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန သည် Covid 19 ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အ လက်များကို အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့်ရရှိရန် အထောက်အကူပြု စေရေး၊ Work From Home ပြုလုပ်သူများအတွက် ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေစေ ရေး၊ အများပြည်သူများ သက်သာသောနှုန်းထားဖြင့် ဆက်သွယ်ပြောဆိုနိုင်ရေး တို့ကို ရည်ရွယ်၍ မိုဘိုင်းဝန်ဆောင်ခနှုန်းထားများအတွက် ထားရှိရမည့် အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို (၂၇-၃-၂၀၂၀) မှ (၃၀-၆-၂၀၂၀) ထိ ဖြေလျော့ပေကြောင်းသိရသည်။

အော်ပရေတာများအနေဖြင့် ယခုကာလအတွင်း မိမိတို့၏ အကျိုးစီးပွားကို အဓိကမထားဘဲ အများပြည်သူများ သက်သာသောနှုန်းထားဖြင့် သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခနှုန်းထားများ လျော့ချဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် MYTELအော်ပရေတာက ငွေဖြည့်လျှင်၅၀ရာခိုင်နှုန်းအပိုဆောင်းပေးခြင်း၊TELENOR အော်ပရေတာက အားကစားနှင့်ကျန်မာရေးဝန်ကြီးဌာန ဝဘ်ဆိုဒ် အခမဲ့ ကြည်ရှု့ခွင့်နှင့် OOREDOO အော်ပရေတာက အင်တာနက် Package အပိုင်း လျော့ချပေးခဲ့ ကြောင်းသိရသည်။
Ref; TheFifthWaveNews

No comments:

Post a Comment