Monday, April 27, 2020

ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုတည်ရှိရာ Cox's Bazar တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာရှိ


Image may contain: 2 people, night
ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံတွင်း COVID-19 ရောဂါဖြစ်ပွားမှုမြှင့်တက် လာသည့်အတွက် ယခုလအစောပိုင်းတွင် Cox's Bazar ခရိုင်တောင်ဘက်ပိုင်းအား lockdown ချမှတ်ခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုဖြစ်သော Cox's Bazar ဒုက္ခသည်စခန်း တွင် လွန်ခဲ့သော ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ သော ဘင်္ဂါလီတစ်သန်းခန့် ခိုလှုံရာနေရာတစ်ခုဖြစ်ပါသည်။
ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရကြောင်း ဖော်ထုတ်တွေ့ရှိရသော်လည်း Cox's Bazar ခရိုင်တွင် ပထမဆုံးကိုရိုနာဗိုင်းရပ်ကို မတ်လ ၂၄ ရက်နေ့တွင်သာတွေ့ရှိခဲ့ပါသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ကန့်သတ်ရန်ဆောင်ရွက်သည့်အနေဖြင့် အရေးပေါ် ဆေးဝါးနှင့် အစားအသောက်ထောက်ပံ့မှုမှလွဲ၍ ကျန်နယ်ပယ်များအား ဝင်ခွင့်ထွက် ခွင့်ကိုတားမြစ်ထားပါသည်။

John Hopkins တက္ကသိုလ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာ ရေးစင်တာမှ မကြာသေးမီကထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင် ဒုက္ခသည်စခန်းများ၌ COVID-19 ဖြစ်ပွားမှုများ ဖြစ်လာနိုင်ချေများပြီးထောင်ပေါင်းများစွာသေဆုံးနိုင် ကြောင်းကို အကြံပြုဖော်ပြထားပါသည်။ ပဋိပက္ခများကြောင်း ထွက်ပြေးလာသော ဒုက္ခသည်များသည် ကိုယ်ခံအားနည်း သည့်အတွက် ရောဂါကူးစက်ခံရနိုင်ပါသည်။ နေရပ်စွန့်ခွာလာသူများသည် ရောဂါကူး စက်မှုကို ပိုမိုခံရနိုင်ပြီး ၎င်းမှတဆင့် သေဆုံးရန်ပိုမိုဖြစ်နိုင်ခြေများပါသည်။

အကြောင်းမှာ၎င်းတို့သည် အစားအသောက်၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှုများသည် အ ကန့်အသတ်ဖြင့်သာရရှိပြီး လူဦးရေထူထပ်ကာသန့်ရှင်း မှုမရှိသောစခန်းများတွင်နေထိုင်ရခြင်းတို့ကြောင့်ဖြစ်သည်။
Source - CNA #Myanmar_Online_News
<zawgyi>
ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုတည်ရှိရာ Cox's Bazar တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာရှိ
Tuesday, April 28, 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံတွင်း COVID-19 ရောဂါဖြစ်ပွားမှုမြှင့်တက် လာသည့်အတွက် ယခုလအစောပိုင်းတွင် Cox's Bazar ခရိုင်တောင်ဘက်ပိုင်းအား lockdown ချမှတ်ခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုဖြစ်သော Cox's Bazar ဒုက္ခသည်စခန်း တွင် လွန်ခဲ့သော ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ သော ဘင်္ဂါလီတစ်သန်းခန့် ခိုလှုံရာနေရာတစ်ခုဖြစ်ပါသည်

ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရကြောင်း ဖော်ထုတ်တွေ့ရှိရသော်လည်း Cox's Bazar ခရိုင်တွင် ပထမဆုံးကိုရိုနာဗိုင်းရပ်ကို မတ်လ ၂၄ ရက်နေ့တွင်သာတွေ့ရှိခဲ့ပါသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ကန့်သတ်ရန်ဆောင်ရွက်သည့်အနေဖြင့် အရေးပေါ် ဆေးဝါးနှင့် အစားအသောက်ထောက်ပံ့မှုမှလွဲ၍ ကျန်နယ်ပယ်များအား ဝင်ခွင့်ထွက် ခွင့်ကိုတားမြစ်ထားပါသည်။

John Hopkins တက္ကသိုလ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာ ရေးစင်တာမှ မကြာသေးမီကထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင် ဒုက္ခသည်စခန်းများ၌ COVID-19 ဖြစ်ပွားမှုများ ဖြစ်လာနိုင်ချေများပြီးထောင်ပေါင်းများစွာသေဆုံးနိုင် ကြောင်းကို အကြံပြုဖော်ပြထားပါသည်။ ပဋိပက္ခများကြောင်း ထွက်ပြေးလာသော ဒုက္ခသည်များသည် ကိုယ်ခံအားနည်း သည့်အတွက် ရောဂါကူးစက်ခံရနိုင်ပါသည်။ နေရပ်စွန့်ခွာလာသူများသည် ရောဂါကူး စက်မှုကို ပိုမိုခံရနိုင်ပြီး ၎င်းမှတဆင့် သေဆုံးရန်ပိုမိုဖြစ်နိုင်ေြခများပါသည်။

အကြောင်းမှာ၎င်းတို့သည် အစားအသောက်၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှုများသည် အ ကန့်အသတ်ဖြင့်သာရရှိပြီး လူဦးရေထူထပ်ကာသန့်ရှင်း မှုမရှိသောစခန်းများတွင်နေထိုင်ရခြင်းတို့ကြောင့်ဖြစ်သည္။
Source - CNA #Myanmar_Online_News

No comments:

Post a Comment