Sunday, April 26, 2020

ထိုင်းစစ်တပ်က အမေရိကန်ထံမှ Stryker တင့်ကား အစီး ၅၀ ဝယ်ယူမည့် အစီအစဉ်ကို ဆိုင်းငံ့

Image may contain: outdoor

ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်က အမေရိကန်ထံမှ ဝယ်ယူရန် သဘောတူ ထားသည့် တင်ကားအစီး ၅၀ ဝယ်ယူခြင်းကို ဆိုင်းငံ့ထားကြောင်း သိရသည်။

အစောပိုင်းက ထိုင်းစစ်လက်နက်ရေးရာဌာန၏ စာရွက်စာတမ်းအချို့ ပေါက်ကြားခဲ့ရာတွင် ထိုင်းစစ်တပ်သည် အမေရိကထံမှ Stryker တင့်ကား ဝယ်ယူခြင်းကို ဆက်လက်လုပ်ဆောင်နေကြောင်း အင်တာနက်အွန်လိုင်းတွင် သတင်းပြန့်ခဲ့ခြင်းကြောင့် ဧပြီလ ၂၂ ရက်နေ့တွင် တင့်ကားများဝယ်ယူမှုကို ဆိုင်းငံ့ထားကြောင်း ထိုင်းစစ်တပ်က အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းစစ်တပ်သည် အမေရိကန် ဒေါ်လာ သန်း ၈၀ (ထိုင်းဘတ်ငွေ ၂ ဒသမ ၆ ဘီလီယံ) တန်ဖိုးရှိသည့် Stryker တင့်ကာ အစီး ၆၀ ဝယ်ယူရန် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နှင့် သဘောတူထားခဲ့ပြီး ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝယ်ယူမည့် ယင်းအစီအစဉ်ကို ၂၀၂၁၊ ၂၀၂၂ ဘဏ္ဍာနှစ်သို့ ရွှေ့ဆိုင်းထားလိုက်ခြင်း ဖြစ်သည်။
ထိုင်းစစ်တပ်သည့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်ထံမှ ဝယ်ယူရန် သဘောတူညီထားသော ရေငုပ်သင်္ဘာ နှစ်စင်းဝယ်ယူမှုကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။
Crd-TheVoiceJournal #Myanmar_Online_News

>>zawgyi<<

No comments:

Post a Comment