
ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သွားတဲ့ လူနာ နံပါတ် ၁၄ ဟာ မေလ ၂ ရက်မနက်ပိုင်းက ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။လားရှိုးဆေးရုံကနေ ဆင်းခွင့်ရခဲ့တဲ့ သူ့ကို ကျောက်မဲပြည်သူ့ဆေးရုံကို ဆက်လက်လွှဲပြောင်းပြီး သီးသန့်အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူရဦးမှာပါ။
အဲဒီနောက် သတ်မှတ်ရက်ပြည့်ရင် နေအိမ်ကို ပြန်ရမှာဖြစ်ပေမယ့် အိမ်မှာလည်း သီးသန့်ခွဲခြားနေထိုင်ရဦးမှာဖြစ်ပါတယ်။လူနာနံပါတ် ၁၄ ဟာ ထိုင်းနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး ာ ဗိုက်အောင့်ပြီး ဝမ်းလျှောလို့ ကျောက်မဲဆေးရုံကို သွားရောက်ပြသရာကနေ ဓာတ်ခွဲစစ်ဆေးချက်အရ မတ် ၃၀ မှာ ကိုဗစ်အတည်ပြုလူနာဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့အဖြေထွက်ရှိသူ ၄၃ ဦးရှိပြီး အဲဒီထဲက ၂၉ ဦးဆေးရုံက ဆင်းခွင့်ရထားသလို သူတို့ကို သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ်ထားပါတယ်။အတည်ပြုလူနာတွေထဲက ၆ ဦးသေဆုံးထားပြီး ၅ ဦးက ရန်ကုန်ကဖြစ်ပါတယ်။
ကျန်တဲ့လူနာတွေကိုတော့ သက်ဆိုင်ရာဆေးရ့ုတွေမှာကုသပေးနေပြီး အထူးကြပ်မတ်ကုသပေးရသူ ၂ ဦးရှိထားပါတယ်။



Ref ; BBC
No comments:
Post a Comment