
⚓️ GFS (Global Forecast System) Model အရ- မေလ ၄ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းရှိ Port Blair ကျွန်း၏ တောင်ဘက် ၁၇၀ မိုင်ခန့်အကွာတွင် ဖြစ်ပေါ်နေပြီး မြောက်-အနောက်မြောက်သို့ ဦးတည်ရွေ့လျားနိုင်ပါသည်။ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းသည် ကိုကိုကျွန်း၏ အနောက်တောင်ဘက် မိုင် ၂၄၀ ခန့်အကွာတွင် တည်ရှိပြီး ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ဗီဆာခပက်တနမ်မြို့၏ အရှေ့ ဘက် မိုင် ၅၃၀ အကွာတွင် တဖြည်းဖြည်း အားပျော့ပျက်ပြယ်သွားမည်ဟု သုံးသပ်ရပါသည်။
⚓️ ECMWF (European Centre for Medium-Range Weather Forecasts) model အရ- မေလ ၅ ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းရှိ Port Blair ကျွန်း၏ တောင်ဘက် ၁၉၀ မိုင်ခန့်အကွာတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မြောက်၊ အနောက်မြောက်သို့ ဦးတည်ရွေ့လျားနိုင်ပါသည်။ မေလ ၁၀ ရက်နေ့တွင် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲလာနိုင်ပြီး ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ဗီဆာခပက်တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၄၅၀ ခန့်အကွာ တွင် တည်ရှိနေပြီး မြောက်-အနောက်မြောက်သို့ ရွေးလျားနိုင်ပါသည်။ မေလ ၁၁ ရက်နေ့တွင် မုန်တိုင်းငယ်သည် အားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း အဆင့်ရောက်ရှိကာ ကိုကိုကျွန်း၏ အနောက်ဘက် ၅၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဗီဆာခပက်တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် ၃၁၀ မိုင်ခန့်အကွာတွင် တည်ရှိနေပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။
⚓️ Viewfax စနစ်နှင့် Buoyweather များအရ- မေလ ၄ ရက်နေ့ခန့်တွင် Andaman & Nicobar ကျွန်းစုများ၏ တောင်ဘက်မှ အနောက်မြောက်ဘက်သို့တက်၍ ၎င်းမှ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းရေပြင်တွင် အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းရ ပါသည်။
⚓️ BWOT အရ- မေလ ၄ ရက်နေ့ခန့်တွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်စပ်လျက်ရှိသည့် အက်ဒမန်နှင့် နီကိုဘားကျွန်းစုများ၏ တောင်ဘက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းစတင်ဖြစ်ပေါ်လာနိုင်ပြီး အနောက် မြောက်ဘက်သို့ ဆက်လက်ဦးတည်ရွေ့လျားနိုင်ပြီး ဒီရွေ့လျားမှုနှင့်အတူ အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဝင်ရောက် တိုက်ခတ် နိုင်ကြောင်း ခန့်မှန်းသုံးသပ်ထားရှိပါသည်။
⚓️ Joint Typhoon Warning Center (JTWC) Website ခန့်မှန်းချက်အရ- အိန္ဒိယ သမုဒ္ဒရာအတွင်း လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းအခြေအနေများအား တွေ့ရှိ ထုတ်ပြန် ထားခြင်းမရှိသေးပေ။
“သုံးသပ်ချက်”
⚓️ ယနေ့ ၃-၅-၂၀၂၀ ရက်နေ့ နံနက်ပိုင်း ရာသီဉတုခန့်မှန်းတိုင်းတာချက် စနစ် များအရ မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေများရှိသော်လည်း ဝင်ရောက်နိုင် သည့် တည်နေရာအားဖြင့် တိကျသေချာမှုများ မရှိသေးပါ။
⚓️ ရာသီဉတုတိုင်းတာသည့် စနစ်အမျိုးမျိုးဖြင့် နေ့စဉ်တိုင်းတာချက်များအရ လေဖိအားနည်းရပ်ဝန်းသည် Andaman & Nicobar ကျွန်းစုများ၏ တောင်ဘက် တွင် မေလ ၄ ရက်နေ့ဝန်းကျင်တွင် စတင်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်း အဆင့် ပြောင်းလဲကာ ဘင်္ဂလားပင်လယ်အော်၏ မြောက်၊ အနောက်မြောက်နှင့် မြောက်အရှေ့မြောက်ဘက်များသို့ များသောအားဖြင့် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်း သုံးသပ်တွေ့ရှိရပါသည်။
⚓️ မုန်တိုင်းဖြစ်ပေါ်ပါက မြန်မာနိုင်ငံအတွင်း ဝင်ရောက်နိုင်သည့် လမ်းကြောင်း အနေဖြင့် ကိုကိုးကျွန်းအနီးတဝိုက်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်း တို့အား ဖြတ်သန်းသွားနိုင်ကြောင်း တွေ့ရှိရပါသည်။
⚓️ တိုင်းတာချက်များအရ မုန်တိုင်းဖြစ်ပေါ်ပါက လေတိုက်နှုန်း အနည်းဆုံး မိုင် ၃၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
⚓️ Joint Typhoon Warning Center (JTWC)တွင် Warning မပြသခြင်းနှင့် Buoy Weather တို့တွင် အစိမ်းရောင်အဖြစ်သာ ပြသနေခြင်းတို့ကြောင့်လည်း ပြောင်း လဲမှုများစွာ ဖြစ်နိုင်သေးကြောင်း သုံးသပ်တွေ့ရှိပါသည်။
သို့ဖြစ်၍ မုန်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ နေ့အလိုက် အချိန်အလိုက် ခန့်မှန်းတိုင်းတာ စောင့်ကြည့်သွားရန် လိုအပ်ပါ သည်။





Crd : Mg Moe'Fb #Myanmar_Online_News
No comments:
Post a Comment