Tuesday, May 5, 2020

မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ် စီစဉ်ပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းချက် (၂၅)

Image may contain: text

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ပြန့်ပွားမှုကို ထိန်းချုပ်သည့်အစီအမံများကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ၊ ဂျပန်နိုင်ငံတွင် အခက်အခဲများရင်ဆိုင်နေကြရသော မြန်မာနိုင်ငံသားများနှင့် မိသားစုများ၏အခက်အခဲများကို မြန်မာနိုင်ငံတော်အစိုးရထံတင်ပြခဲ့ပြီး၊ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ကို All Nippon Airways ရုံးချုပ်နှင့် ညှိနှိုင်းကာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂ ရက် (စနေနေ့)က ပြေးဆွဲဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံသို့ မိသားစုများနှင့်တွေ့ဆုံရန် ကာလတို ဧည့်ဗီဇာဖြင့် လာရောက်ခဲ့ကြပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဆန်းမှစတင်၍ မြန်မာနိုင်ငံသို့ မပြန်နိုင်ဘဲ နေထိုင် စားသောက်ရေးတွင် အခက်အခဲရှိနေခဲ့သည့် မိသားစုများ၊ အသက်ကြီးရင့်သူများ၊ ခလေးမိခင် များနှင့် သင်တန်းတက်ရောက်ပြီး ပြန်လည်ထွက်ခွာရန် အခက်အခဲကြုံတွေ့နေရသည့် အစိုးရ ဝန်ထမ်းများနှင့် အလုပ်သင်သင်တန်းသား/သူများကို အလေးထားဆောင်ရွက်ပေးခဲ့ပါသည်။
ကယ်ဆယ်ရေးလေယာဉ်အတွက် စာရင်းကောက်ယူခဲ့ရာတွင် Valid မဖြစ်တော့သည့် လက်မှတ်ဟောင်းများ၊ ပြန်အမ်းငွေ(Refund)ထုတ်ယူပြီး/လျှောက်ထားဆဲ လက်မှတ်များပါရှိခဲ့ သော်လည်း၊ မြန်မာသံရုံးမှ ကယ်ဆယ်ရေးလေယာဉ်တွင် အချိန်မီ လိုက်ပါနိုင်ရေးအတွက် All Nippon Airways ရုံးချုပ်သို့ အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး၊ ဆက်လက်နေထိုင်ရန် အမှန်တကယ် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ထိုင်း၊ စင်ကာပူ၊ ကိုရီးယား သမ္မတနိုင်ငံတို့တွင် ဆုံရပ်များသတ်မှတ်လျက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ် ဆောင်နိုင်ရန် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင်၊ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်းရှိနိုင်ငံများ၊ ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ ဩစတြေးလျား/နယူးဇီလန်နိုင်ငံ အစရှိသည်တို့တွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေပြီး၊ အမှန်တကယ် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများကို မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် အလှည့်ကျ ပြန်လည် ဝင်ရောက် နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

အဆိုပါနိုင်ငံများရှိ မြန်မာနိုင်ငံသားများအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံအစိုးရများ၏ လေဆိပ်များ အဝင်/အထွက်ပိတ်ပင်ထားခြင်း၊ ပြည်နယ်ကျော် ဖြတ်သန်းသွားလာခွင့် ပိတ်ပင် ထားခြင်း၊ တစ်နိုင်ငံလုံး Lockdown ပြုလုပ်ထားခြင်းများကြောင့် အခက်အခဲများ ရင်ဆိုင်ရ လျက် ရှိပါသည်။
ထို့ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုပါက၊ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်သည်အထိ ခေတ္တစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ထို့အပြင်၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာကူးစက်ရောဂါ (COVID-19) ကူးစက်မှုမရှိစေရေးအတွက် ဂရုပြု အလေးထားဆောင်ရွက် ကြပါရန်နှင့်သက်ဆိုင်ရာ ပြည်နယ်အစိုးရ/ မြို့နယ်/ဒေသန္တရအုပ်ချုပ်ရေးရုံးများမှ ထုတ်ပြန်ထား သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြပါရန် ထပ်လောင်း နှိုးဆော်အပ်ပါသည်။ ။
မြန်မာသံရုံး
တိုကျိုမြို့။
၂၀၂၀ပြည့်နှစ်၊ မေလ ၆ ရက်။
Image may contain: text
Crd : Embassy of the Republic of the Union of Myanmar, Tokyo #Myanmar_Online_News

No comments:

Post a Comment