Friday, May 1, 2020

နီပေါနိုင်ငံ ပေါက်ကွဲမှုဖြစ်စဉ်တွင် ကလေး ၄ ဦးသေဆုံး၊ စွန့်ပစ်ထားသော စစ်လက်နက်ဟောင်းများမှ ပေါက်ကွဲခဲ့သည်ဟု သံသယရှိ

Image may contain: one or more people, people standing and outdoor
နီပေါနိုင်ငံ၏ မြို့ပြင်တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကလေး ၄ ဦး သေဆုံးခဲ့ကာ အဆိုပါပေါက်ကွဲမှုသည်ဆယ်စုနှစ်တစ်ခုကြာMaoist သောင်းကျန်းသူများ၏ စစ်လက်နက်ဟောင်းများမှ ပေါက်ကွဲခဲ့သည်ဟု သံသယရှိကြောင်း ရဲတပ်ဖွဲ့မှ မေလ ၁ ရက်နေ့တွင်ပြောကြားခဲ့သည်။ အသက် ၅ နှစ် မှ ၁၃ နှစ် အရွယ်ကလေးများသည် ဧပြီလ ၃၀ ရက်နေ့က Rolpa ခရိုင် အနောက်မြောက်ဘက်ရှိ တောထဲသို့ နွား ကျောင်းသွားချိန်တွင် စစ်လက်နက် ဟောင်း တစ်ခုအား တွေ့ရှိခဲ့ပြီး ကစားစရာအထင်နှင့် ကစားခဲ့သော ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ရဲအရာရှိ Shanta Kumar K.C. မှ ပြောကြားခဲ့သည်။

ရဲအရာရှိမှ “ တိုက်ပွဲတုန်းက စွန့်ပစ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းဖြစ်နိုင်ပါတယ်” ဟု ပြောကြားခဲ့ပြီး အာဏာပိုင်များမှ စုံစမ်းစစ်ဆေးနေကြသည်။Maoist ပုန်ကန်မှုသည် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ကာ လူပေါင်း ၁၇,၀၀၀ သေကျေခဲ့သည်။ ယခင် ပုန်ကန်သူများသည် လက်ရှိအာဏာရနီပေါကွန်မြူနစ်ပါတီတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေပါသည်။
တိုက်ပွဲအတွင်း ပေါက်ကွဲခြင်းမရှိခဲ့သော စစ်လက်နက်ဟောင်းများသည် အတော်တဆပေါက်ကွဲခြင်းများဖြစ်ပေါ်နေပြီး ထိခိုက်ဒဏ်ရရသူများနှင့် သေဆုံးသူ များ ရှိနေဆဲဖြစ်ပါသည်။
Source - Reuters #Myanmar_Online_News

No comments:

Post a Comment