
တော်ဝင်သဇင် အမည်ရှိ ကုန်တင်ရေယာဉ်တစ်စီးသည် မေ ၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွက် ကလေးကစားကွင်းနှင့် ဆက်စပ်ပစ္စည်း များ တင်ဆောင်၍ ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက် ရေမိုင် ၃ ဒသမ ၂ မိုင်ခန့်အကွာသို့အရောက်၌ ကျောက်ဆောင်အား တိုက်မိပြီး ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရေယာဉ်ပေါ်ရှိ လှေသား ၅ ဦးနှင့် အထွေထွေလုပ်သား ၃ ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကာ ကျောက်မြူမြို့မှ လာရောက် ခေါ်ဆောင်သည့် ရွှေဟင်္သာ(၁)ရေယာဉ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်
No comments:
Post a Comment