ကပ်ရောဂါ၏ ဗဟိုချက်အသစ်အဖြစ် သတ်မှတ်ခံထားရသည့် လက်တင်အမေရိကရှိ ဘရာဇီးနိုင်ငံတွင် နှစ်ရက်ဆက်တိုက် စံချိန်တင်ကူးစက်မှု ဖြစ်လာခဲ့ပြီး မေ ၂၈ ရက်က လူပေါင်း ၂၄,၁၅၁ ဦး ထပ်မံကူးစက်ခဲ့ပြီး အလားတူ အိန္ဒိယနိုင်ငံသည်လည်း ၇၃၀၀ ဦးဖြင့် နိုင်ငံအတွင်း အမြင့်ဆုံး ကူးစက်မှု ဖြစ်လာသည်။
လက်ရှိ ဘရာဇီးနိုင်ငံတွင် ကူးစက်မှုပေါင်း ၄၃၈,၈၁၂ ဦးဖြင့် အမေရိကန်နောက် ဒုတိယအများဆုံးဖြစ်ကာ ၁,၀၆၇ ဦး ထပ်မံသေဆုံးမှုကြောင့် စုစုပေါင်း သေဆုံးသူ ၂၆,၇၆၄ ဦးထိ ရောက်ရှိလာပြီဖြစ်သည်။ အိန္ဒိယသည် လက်ရှိ ကူးစက်မှုပေါင်း ၁၆၅,၇၇၉ ဦးရှိပြီး အာရှနိုင်ငံများတွင် အီရန်နိုင်ငံကို ကျော်လွန်ကာ အဆိုးရွားဆုံး ဖြစ်ပွားလျက်ရှိရာ သေဆုံးသူဦးရေမှာလည်း ၄,၇၁၁ ဦးအထိ ရောက်ရှိလာသည်။
ကပ်ရောဂါကူးစက်မှုအများဆုံး အမေရိကန်သည် ၂၂,၆၅၈ ဦး ထပ်မံကူးစက်ခဲ့ပြီး ၁,၂၂၃ ဦး သေဆုံးမှုကြောင့် နိုင်ငံတွင်း ကူးစက်မှုပေါင်း ၁,၇၆၈,၄၆၁ မှုနှင့် သေဆုံးသူ ၁၀၃,၃၃၀ ဦးရှိသည်။
စံချိန်တင် ကူးစက်မှုများရှိနေသည့် ဘရာဇီးနှင့် အိန္ဒိယ အပါအဝင် အမေရိကန်၊ ရုရှားနိုင်ငံတို့၏ ကူးစက်မှုများကြောင့် ကမ္ဘာတွင် ထပ်မံကူးစက်မှုနှုန်းသည်လည်း အမြင့်ဆုံးနှင့်အများဆုံး ဖြစ်လာခဲ့သည်။
ကမ္ဘာတွင် စံချိန်တင် ကူးစက်မှုအဖြစ် ယမန်နေ့က လူပေါင်း ၁၁၆,၃၀၂ ဦး ကူးစက်ခဲ့ပြီး သေဆုံးသူ ၄,၆၁၂ ဦးရှိခဲ့ရာ လက်ရှိအချိန်ထိ စုစုပေါင်းကူးစက်မှု ၆ သန်းနီးပါးသို့ ရောက်ရှိလာသည်။ စုစုပေါင်း သေဆုံးသူဦးရေမှာ ၃၆၂,၀၂၄ ဦးရှိကြောင်း Worldmeters ၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။
crd-Isee Media #Myanmar_Online_News
>>zawgyi<<
ကမ္ဘာ့ကပ်ရောဂါ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့၏ စံချိန်တင် ကူးစက်
Friday, May 29, 2020

No comments:
Post a Comment