ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ရဲတပ်ဖွဲ့ဝင် ၆၇၇ ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံနေရပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့တွေဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ ရောဂါရရှိခဲ့ကြသူတွေ ဖြစ်ကြပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၁၄၁ ဦး စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင် ၁၂၀၀ ကို Quarantine သီးသန့် စောင့်ကြည့်လူနာအဖြစ် ထားရှိပြီး အခုအခါ ဒက္ကားမြို့တော် ရာဇာဘတ်ဧရိယာမှာရှိတဲ့ ဗဟိုရဲဆေးရုံမှာတော့ ရောဂါပိုးကူးစက်ခံရသူ၊ စောင့်ကြည့်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည့်ကြပ်နေတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအတွက် ယာယီကုသရေးဆောင်တွေ အမြန် တည်ဆောက်ဖို့ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက တောင်းဆိုထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါ ကူစက်ခံနေရတဲ့ ပိုးတွေ့သူ ၈၂၃၁ ဦးရှိလာနေပြီး သေဆုံးသူက ၁၇၀ ၊ ရောဂါကင်းစင် ပြန်လည်ကောင်းလာသူက ၁၇၄ ဦးရှိနေတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Ref: Covid-19: Police hospital, DMP struggling to accommodate infected, quarantined
>>zawgyi<<
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် ၆၇၇ ဦးကိုဗစ်ရောဂါကူးစက်ခံရ
Saturday, May 2, 2020
ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ရဲတပ်ဖွဲ့ဝင် ၆၇၇ ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံနေရပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့တွေဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ ရောဂါရရှိခဲ့ကြသူတွေ ဖြစ်ကြပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၁၄၁ ဦး စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင် ၁၂၀၀ ကို Quarantine သီးသန့် စောင့်ကြည့်လူနာအဖြစ် ထားရှိပြီး အခုအခါ ဒက္ကားမြို့တော် ရာဇာဘတ်ဧရိယာမှာရှိတဲ့ ဗဟိုရဲဆေးရုံမှာတော့ ရောဂါပိုးကူးစက်ခံရသူ၊ စောင့်ကြည့်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည့်ကြပ်နေတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအတွက် ယာယီကုသရေးဆောင်တွေ အမြန် တည်ဆောက်ဖို့ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက တောင်းဆိုထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါ ကူစက်ခံနေရတဲ့ ပိုးတွေ့သူ ၈၂၃၁ ဦးရှိလာနေပြီး သေဆုံးသူက ၁၇၀ ၊ ရောဂါကင်းစင် ပြန်လည်ကောင်းလာသူက ၁၇၄ ဦးရှိနေတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။
Ref: Covid-19: Police hospital, DMP struggling to accommodate infected, quarantined
crd-Narinjara #Myanmar_Online_News
No comments:
Post a Comment