
ကမ္ဘာ့ကပ်ရောဂါCOVID-19)သည် နိုင်ငံ့အရေး၊ အမျိုးသားအရေးကိစ္စရပ်ဖြစ်ပြီး ကူးစက်ခံရမှုများလာသဖြင့် တပ်မတော်မှ လုပ်နိုင်တာမှန်သမျှဆောင်ရွက်ပေး ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်ချက်နှင့်အညီ တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိသည်။
တပ်မတော်အနေဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ပါရဂူများနှင့် ဆေးမှူးများပါဝင်သော ဆေးအဖွဲ့များဖြင့် (COVID-19) ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာများကို မတ်လ ၂၈ ရက်မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ မေ ၆ ရက်အထိ ဘုန်းတော်ကြီးကျောင်း ၅၄၅၁ ကျောင်း၊ သီလရှင်ကျောင်း ၁၆၆ ကျောင်း၊ ဟိန္ဒူဘုရားရှိခိုးကျောင်း ၇၃ ကျောင်း၊ အစ္စလာမ်ဘု ရားရှိခိုးကျောင်း ၁၃၁ ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၄၉၅ ကျောင်း၊ တရုတ်ဘုံကျောင်း ၂၄ ကျောင်း၊ ဘိုးဘွားရိပ်သာ ၆၀ ခု၊ မိဘမဲ့ကျောင်း ၅၆ ကျောင်း၊ စာသင်ကျောင်း ၂၂၈ ကျောင်း၊ ဆေးရုံ ၁၃၀၈ ရုံ ၊ ဘဏ် ၁၈၈ ခု၊ ကားဂိတ် ၆၉ ခု၊ ဘူတာရုံ ၄၄ ခု၊ လေဆိပ် ၂၂ ခု၊ အကျဉ်းထောင် ၁၁ ခု၊ သင်္ဘော ဆိပ် ၁ ခု၊ ဈေး ၂၀၀ ခုနှင့် အခြားနေရာများ၌ ဆောင်ရွက်မှု ၁၆၉၁ နေရာ၊ စုစုပေါင်း ၁၀၂၁၈ နေရာတို့တွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းသရုပ်ပြခြင်း၊ Face Mask အသုံးပြုနည်း သရုပ်ပြသခြင်းများ၊ ပညာပေးလက်ကမ်းစာ စောင်များနှင့် Face Mask များ ဖြန့်ေ၀ ပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး စာရေးအဆင်ပြေစေရေး အတွက် ဆန်၊ ဆီ၊ဆား စသည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်






0 comments:
Post a Comment