Monday, May 25, 2020

Covid-19 ကူးစက်မှု ဖြစ်ပွားနေစဉ်ကာလအတွင်း ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲအခမ်းအနားကျင်းပ

Covid-19 ကူးစက်မှု ဖြစ်ပွားနေစဉ်ကာလအတွင်း ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲ အ ခမ်းအနားကို မေ(၂၄)ရက် မနက်(၇)နာရီက ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်တထောင်ဆိပ်ကမ်းမှာပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ဇနီး၊ အစိုးရအဖွဲ့ဝင်တွေက မြတ်စွာဘုရားအမှူးထားပြီး ရဟန္တာ ကိုယ်တော်မြတ်ကြီးကို ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာတွေ ဆက်ကပ်လှူဒါန်းတာ၊ ဆွမ်းဆက်ကပ်လှူဒါန်းတာ၊ နတ်ဒေဝါတွေနဲ့ အစောင့်အရှောက်အပေါင်းကို ဗလိနတ်စာလှူဒါန်းတာ၊ ဆုတောင်း မေတ္တာပို့သတာ၊ ကုသိုလ် အပေါင်းကို အမျှဝေတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက် ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော်ကို ပင်လယ်ပြင်ကိုပင့်ဆောင်ပြီး ဖော်တော်ရေချပူဇော်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီး ဒေါ်ခင်မိမိကြွယ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ပါတယ်။
Source - One News Myanmar

No comments:

Post a Comment