Sunday, May 3, 2020

Covid-19 တိုက်ဖျက်ရေးအတွက် ကျန်းမာရေးအရေးပေါ်အခြေအနေကို ဇူလိုင် ၂၄ ရက်အထိ တိုးမြှင့်ရန် ပြင်သစ်အစိုးရမျှော်လင့်

Image may contain: 2 people, sky, cloud and outdoor

ပြင်သစ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးအရေးပေါ်အခြေအနေကို လာမယ့်ဇူလိုင်လ ၂၄ ရက်နေ့အထိ တိုးမြှင့်နိုင်ဖို့ မျှော်လင့်နေပါတယ်။

နောက်ထပ် ကူးစက်မှုအသစ်တွေ ထပ်မဖြစ်အောင်ကာကွယ်ဖို့ မတ်လ(၂၄)ရက်နေ့ကတည်းက စတင်ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေကို ရက်ထပ်တိုးဖို့လိုအပ်တယ်ဆိုပြီးတော့ ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီယာ ဗီရန် အခုလ ၂ ရက်နေ့က ပြောကြားခဲ့တာပါ။
ဒီအဆိုပြုချက်ဟာ နိုင်ငံတော်အရေးပေါ်အခြေအနေဖြေလျော့တာကို အလောတကြီးလုပ်တာက ဗိုင်းရပ်စ်ပြန့်ပွားမှု ပိုတိုးလာမယ့် အန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ အယူအဆကို ဗဟိုပြုထားတာဖြစ်ပါတယ်။ ဒီအဆို ပြုချက်ကို နောက်အပတ်ထဲမှာ ပြင်သစ်ပါလီမန်ကို တင်သွင်းမှာဖြစ်ပြီး၊ အတည်ပြု နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။
ပြင်သစ်နိုင်ငံဟာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာရော သေဆုံးမှုမှာပါ ပဉ္စမမြောက်နေရာမှာ ရပ်တည်နေပါတယ်။ စုစုပေါင်း ကူး စက်သူ ၁၆၈၀၀၀ ကျော် ရှိနေပြီး သေဆုံးသူကလည်း ၂၄၇၀၀ ကျော် သွားပြီဖြစ်ပါတယ်။
Image may contain: 1 person, outdoor
Source: AP / One News Myanmar

0 comments:

Post a Comment