Friday, May 1, 2020

ကမ္ဘာ့ အိုဇုန်းလွှာ ပြန်ပိတ်သွားခြင်းမှာ COVID-19 ကြောင့် မဟုတ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ဆို

No photo description available.

ကမ္ဘာ့အိုဇုန်းလွှာ ပြန်ပိတ်သွားခြင်းမှာ COVID-19 ပြန့်နှံ့မှုကို တားဆီးသည့်အနေဖြင့် နိုင်ငံများ lockdown ချခြင်းကြောင့်နှင့် လုံးဝ မသက်ဆိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့မိုုးလေဝသ အဖွဲ့ကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် ကလဲယားနူးလစ်စ်က ယမန်နေ့ကပြောကြားသည်။

”ကမ္ဘာ့အိုဇုန်းလွှာအပေါက် ပြန်ပိတ်သွားတာဟာ ကိုဗစ်နဲ့ လားလားမျှ မသက်ဆိုင်ပါဘူး”ဟု သူကပြောကြားခြင်းဖြစ်သည်။
အာတိတ်ဒေသပေါ်တွင် ဖြစ်ပွားနေသော ကမ္ဘာ့အိုဇုန်းလွှာ အပေါက်ကြီးသည် ယခုအခါ မတ်လအတွင်းကတည်းကပင်လျှင် လုံးဝပြန်လည်ပိတ်သွားပြီးကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက ဂျီနီဗာမြို့တွင် ယမန်နေ့က ကျင်းပသော ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Ref ; Popular
<zawgyi>
ကမ္ဘာ့ အိုဇုန်းလွှာ ပြန်ပိတ်သွားခြင်းမှာ COVID-19 ကြောင့် မဟုတ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ဆို
Saturday, May 2, 2020

ကမ္ဘာ့အိုဇုန်းလွှာ ပြန်ပိတ်သွားခြင်းမှာ COVID-19 ပြန့်နှံ့မှုကို တားဆီးသည့်အနေဖြင့် နိုင်ငံများ lockdown ချခြင်းကြောင့်နှင့် လုံးဝ မသက်ဆိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် ကလဲယားနူးလစ်စ်က ယမန်နေ့ကပြောကြားသည်။
”ကမ္ဘာ့အိုဇုန်းလွှာအပေါက် ပြန်ပိတ်သွားတာဟာ ကိုဗစ်နဲ့ လားလားမျှ မသက်ဆိုင်ပါဘူး”ဟု သူကပြောကြားခြင်းဖြစ်သည်။
အာတိတ်ဒေသပေါ်တွင် ဖြစ်ပွားနေသော ကမ္ဘာ့အိုဇုန်းလွှာ အပေါက်ကြီးသည် ယခုအခါ မတ်လအတွင်းကတည်းကပင်လျှင် လုံးဝပြန်လည်ပိတ်သွားပြီးကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက ဂျီနီဗာမြို့တွင် ယမန်နေ့က ကျင်းပသော ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Ref ; Popular

No comments:

Post a Comment