
အင်းစိန်မြို့နယ်က COVID Positive ၁၂ ဦးသည် တစ်အိမ်ထဲကမိသားစုသာဖြစ်သည်ဟု အင်းစိန် မြို့နယ်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်ထံကသိရသည်။
ယနေ့ကူးစက်ခံရသူများသည် case 152, 153, 154 တို့၏ contact personများဖြစ်ကြပြီးယင်းတို့အနက်က ၁၄ ဦးကို Quarantine Center သို့ပို့ဆောင်စစ်ဆေးရာမှ ယနေ့ည case-165 မှ case-176 အထိ စုစု ပေါင်း ၁၂ ဦး ရောဂါပိုးတွေ့ရှိဖြစ်သည်။
ဦးဝေဖြိုးဟန်က"အဆိုပါ ၁၂ ဦးမှာ မိသားစုဝင်များဖြစ်ပြီး အားလုံးသည် ခဝဲခြံ ၂ လမ်း၌ နေထိုင်သူများသာဖြစ်ပါသည်။ ၎င်းတို့ကို ၄-၅-၂၀၂၀ ရက်နေ့ ကတည်းက Quarantine Center သို့ပို့ဆောင်ထားပြီးဖြစ် ကြောင်းနှင့် လမ်းကိုလဲ Lock Down ချထားပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်"ဟု၎င်း ၏လူမှုကွန် ရက်စာမျက်နှာတွင်ရေးသားထားသည်။

Ref ; The Fifth Wave News
No comments:
Post a Comment