ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရေးမှာ Remdesivir ဆေးကို ပထမဦးဆုံး အသုံးပြုခွင့် ပေးလိုက်ပြီလို့ ကြာသပတေးနေ့မှာ အစိုးရက ကြေညာလိုက်ပါတယ်။ ဒီလအတွင်းမှာ Avigan ဆေးကိုလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတွေအား ကုသရာတွင် သုံးစွဲခွင့်ပေးခဲ့ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေအား Remdesivir ဆေး အသုံးပြုပြီး ကုသခွင့်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံပြီးရင် ဒုတိယမြောက် နိုင်ငံဖြစ်လာပါတယ်။
Remdesivir ဆေးဟာ အီဘိုလာပိုးကုသရန်အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေအား စမ်းသပ်ကုသရာ တချို့သောလူနာတွေက အချိန်တိုအတွင်းမှာပြန်လည် ကောင်းမွန်လာတာကို တွေ့ရပါတယ်။ Remdesivir အသားဆေး ကို ကမ္ဘာတစ်ဝန်းရှိ ဆေးခန်းတွေမှာ အသုံးပြုနေပြီဖြစ်ပါတယ်။
Avigan ဆေးကတော့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုကို ဆိုးကျိုးပေးနိုင်တဲ့အတွက် ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုတော့ သုံးစွဲခွင့်မရှိကြောင်း သိရပါတယ်။

>>zawgyi<<
Remdesivir ဆေးကို covid-19ရောဂါကို ကုသရန် ဂျပန် ခွင့်ပြု
Friday, May 8, 2020

crd-Myanmar Digital News #Myanmar_Online_News
No comments:
Post a Comment