Monday, May 25, 2020

သင်ထောက်ကူပစ္စည်းအဖြစ် အထက်တန်းပြ ဆရာ၊ဆရာမ ငါးသောင်းကျော်ကို Tablets များပေးမည်

ပညာရေးဝန်ကြီးဌာနက အထက်တန်းပြ ဆရာဆရာမတွေကို Tablets တွေ ပေးသွားဖို့ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း ကပြောပါတယ်။
မြန်မာနိုင်ငံမှာ အထက်တန်းပြ ဆရာ၊ ဆရာမ စုစုပေါင်း ငါးသောင်းကျော်ရှိပြီး Global Partnership for Education က ထောက်ပံ့တဲ့ အမေရိကန် ဒေါ်လာ(၁၅)သန်း အပါအဝင် အလှူရှင်တွေရဲ့ အထောက်အပံ့တွေနဲ့ Tablets တွေပေးသွားမယ်လို့ ဒေါက်တာ တင်မောင်ဝင်း ကပြောပါတယ်။
“Global Partnership for Education (GPE)ကနေ အမေရိကန်ဒေါ်လာ(၁၅)သန်းထောက်ပံ့ဖို့ရှိတယ်။ ဆရာတို့ မျှော်မှန်းထားတာကတော့ အထက်တန်းကျောင်းတွေမှာ အထက်တန်းပြ ဆရာဆရာမ ငါးသောင်းကျော်ကို Tablets တွေ ပေးနိုင်ဖို့ရည်ရွယ်တယ်။ တဖြေးဖြေးနဲ့ အလယ်တန်းပြတွေ၊ မူလတန်းပြတွေနဲ့ ကျောင်းအုပ်တွေကိုပါ အကုန် လုံးပေးနိုင်အောင် နိုင်ငံတကာရဲ့ အကူအညီနဲ့ ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ထားတယ်” လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
အဲဒီနိုင်ငံတကာ အထောက်ပံ့တွေဟာ ချေးငွေမဟုတ်တဲ့ အထောက်အပံ့တွေဖြစ်တယ်လို့ လည်းပြောပါတယ်။ အခုထောက်ပံ့တဲ့ Tablets တွေနဲ့ အင်တာနက်လိုင်းရတဲ့ နေရာတွေမှာ အွန်လိုင်းသင်ကြားရေးအ တွက် အသုံးပြု နိုင်မှာဖြစ်သလို အင်တာနက် မရတဲ့နေရာတွေမှာတော့ သင်ထောက်ကူပစ္စည်းအနေနဲ့ အသုံး ပြုနိုင်မှာဖြစ်တယ်လို့ ဒေါက်တာ တင်မောင်ဝင်းကဆိုပါတယ်။ လက်ရှိမှာ အထက်တန်းကျောင်းတွေကနေ စတင်ဖွင့်လှစ်ဖို့ မျှော်မှန်း ထားတဲ့အတွက် အထက်တန်းကျောင်းက ဆရာဆရာမတွေကို စတင်ပေးဖို့စီစဉ်နေတာဖြစ်ပြီး ဆရာဆရာမ တွေကို Tablets တွေအပိုင်ပေးတာမျိုး မဟုတ်ဘဲ တာဝန်ထမ်းဆောင်ချိန်မှာ သင်ထောက်ကူပစ္စည်းအနေနဲ့ အသုံးပြုဖို့ပေးတာလို့ သိရပါတယ်။
Ref ; One News Myanmar

No comments:

Post a Comment