Friday, May 29, 2020

ကွတ်ခိုင်မြို့နယ်တွင် တပ်မတော် ယာဉ်တန်းကို TNLA အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်

တပ်မတော်ကအပစ်အခတ်ရပ်စဲထားသော ကာလအတွင်း ယနေ့နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအနီးရှိ နမ့်ကွတ်ရွာအနီးဝန်းကျင်တွင် မူဆယ်မှဆင်းလာသည့် တပ်မတော်ယာဉ်တန်းကို TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားထဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်ယာဉ် တန်းကို မိုင်းထောင်၊ မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ အခု လောလောဆယ်အထိ သတင်းရရှိထားချက်အရ နမ့်ကွတ် ကျေးရွာကြားထဲမှာ တိုက်ခိုက်ခံရတယ် သိရတယ်။ ယာဉ်ထိခိုက်မှုတော့ရှိတယ်။ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ လူတော့ မရှိဘူးလို့ လောလောဆယ် သိရတယ်။ သူတို့က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မိုင်းခွဲတိုက်ခိုက်တာ သူတို့က တမင်စောင့်ပြီးလုပ်တဲ့ဟာမျိုးပေါ့” ဟု ပြေကြားခဲ့သည်။
crd-The Irrawaddy #Myanmar_Online_News
>>zawgyi<<
ကွတ်ခိုင်မြို့နယ်တွင် တပ်မတော် ယာဉ်တန်းကို TNLA အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်
Friday, May 29, 2020
တပ်မတော်ကအပစ်အခတ်ရပ်စဲထားသော ကာလအတွင်း ယနေ့ နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအနီးရှိ နမ့်ကွတ်ရွာအနီးဝန်းကျင်တွင် မူဆယ်မှ ဆင်းလာသည့် တပ်မတော်ယာဉ်တန်းကို TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားထဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်ယာဉ် တန်းကို မိုင်းထောင်၊ မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ အခု လောလောဆယ်အထိ သတင်းရရှိထားချက်အရ နမ့်ကွတ် ကျေးရွာကြားထဲမှာ တိုက်ခိုက်ခံရတယ် သိရတယ်။ ယာဉ်ထိခိုက်မှုတော့ရှိတယ်။ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ လူတော့ မရှိဘူးလို့ လောလောဆယ် သိရတယ်။ သူတို့က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မိုင်းခွဲတိုက်ခိုက်တာ သူတို့က တမင်စောင့်ပြီးလုပ်တဲ့ဟာမျိုးပေါ့” ဟု ပြေကြားခဲ့သည်။
crd-The Irrawaddy #Myanmar_Online_News

No comments:

Post a Comment