ကမ္ဘောဇဘဏ်က တရားစွဲဆိုထားတဲ့ Yangon Water Bus ပိုင်ရှင် ဒေါ်တင့်တင့်လွင်ဟာ မေ(၂၉)ရက်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို လာရောက်ခြင်းမရှိတာကြောင့် ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ သတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာငြိမ်းက ပြောပါတယ်။
ဒါ့အပြင် တရားလို ကမ္ဘောဇဘဏ်ကတင်ပြထားတဲ့ ဒေါ်တင့်တင့်လွင် နေထိုင်ရာ လိပ်စာမှာ ၎င်းနေထိုင် တာမရှိတဲ့အတွက် သမ္ဗာန်စာအတည်မဖြစ်ခဲ့ဘူးလို့လည်း ဦးကျော်စွာငြိမ်းက ဆိုပါတယ်။ ဒီကနေ့ ရုံးချိန်းကို တရားလို ကမ္ဘောဇဘဏ်ဘက်က ကိုယ်စားလှယ်လွှဲအပ်ထားတဲ့ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်း လာရောက်ခဲ့ပါတယ်။
ချေးငွေတွေကိုပြန်လည်ပေးဆပ်လိုတဲ့အတွက် တရားလိုကမ္ဘောဇဘဏ်က ဒေါ်တင့်တင့်လွင်ကို တရားမအမှု သုံးမှုနဲ့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားလိုဘဏ်က ပြန်လည်ပေးဆပ်လိုတဲ့ ချေးငွေ ပမာဏာမှာ ကျပ်သိန်းပေါင်း (၈)သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။
လာမယ့် ဇွန်(၂၃)ရက် နောက်ရုံးချိန်းမှာ တရားလိုဘက်က ဒေါ်တင့်တင့်လွင်နေထိုင်တဲ့ အိမ်လိပ်စာအသစ်ကို တင်ပြဖို့ ချိန်းဆိုထားပါတယ်။
Yangon Water Bus ကို (၂၀၁၇)ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲခဲ့တာ ဖြစ်ပြီး (၂၀၁၉)ခုနှစ် စက်တင်ဘာ(၂၇)ရက်မှာ ပြင်ဆင်စရာရှိလို့ဆိုပြီး ရပ်နားခဲ့တာဖြစ်ပါတယ်။
Ref-One News Myanmar #Myanmar_Online_News
>>zawgyi<<
ချေးငွေ ကျပ်သိန်းပေါင်း (၈)သောင်းနီးပါး ပြန်လည်ပေးဆပ်လိုတဲ့အတွက် ကမ္ဘောဇဘဏ်က တရားစွဲဆိုထားသည့် Yangon Water Bus ပိုင်ရှင် တရားရုံးသို့ လာရောက်ခြင်းမရှိ
Friday, May 29, 2020
ကမ္ဘောဇဘဏ်က တရားစွဲဆိုထားတဲ့ Yangon Water Bus ပိုင်ရှင် ဒေါ်တင့်တင့်လွင်ဟာ မေ(၂၉)ရက်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို လာရောက်ခြင်းမရှိတာကြောင့် ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ သတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာငြိမ်းက ပြောပါတယ်။
ဒါ့အပြင် တရားလို ကမ္ဘောဇဘဏ်ကတင်ပြထားတဲ့ ဒေါ်တင့်တင့်လွင် နေထိုင်ရာ လိပ်စာမှာ ၎င်းနေထိုင် တာမရှိတဲ့အတွက် သမ္ဗာန်စာအတည်မဖြစ်ခဲ့ဘူးလို့လည်း ဦးကျော်စွာငြိမ်းက ဆိုပါတယ်။ ဒီကနေ့ ရုံးချိန်းကို တရားလို ကမ္ဘောဇဘဏ်ဘက်က ကိုယ်စားလှယ်လွှဲအပ်ထားတဲ့ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်း လာရောက်ခဲ့ပါတယ်။
ချေးငွေတွေကိုပြန်လည်ပေးဆပ်လိုတဲ့အတွက် တရားလိုကမ္ဘောဇဘဏ်က ဒေါ်တင့်တင့်လွင်ကို တရားမအမှု သုံးမှုနဲ့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားလိုဘဏ်က ပြန်လည်ပေးဆပ်လိုတဲ့ ချေးငွေ ပမာဏာမှာ ကျပ်သိန်းပေါင်း (၈)သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။
လာမယ့် ဇွန်(၂၃)ရက် နောက်ရုံးချိန်းမှာ တရားလိုဘက်က ဒေါ်တင့်တင့်လွင်နေထိုင်တဲ့ အိမ်လိပ်စာအသစ်ကို တင်ပြဖို့ ချိန်းဆိုထားပါတယ်။
Yangon Water Bus ကို (၂၀၁၇)ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲခဲ့တာ ဖြစ်ပြီး (၂၀၁၉)ခုနှစ် စက်တင်ဘာ(၂၇)ရက်မှာ ပြင်ဆင်စရာရှိလို့ဆိုပြီး ရပ်နားခဲ့တာဖြစ်ပါတယ်။
Ref-One News Myanmar #Myanmar_Online_News
No comments:
Post a Comment