
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ ၆၆လမ်းနဲ့ ၆၈လမ်းကြားရှိ မန္တလေးတိုင်းပညာရေးမှူးရုံးရှေ့မှာ 'ကလေးတွေအလိမ်ခံရတော့မယ်'ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရွက်တွေကို လာရောက်ကပ်ထားမှု ဒီကနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီစာရွက်ထဲမှာ 'ကိုအောင်ဆန်းဘ၀မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှာ တာ၀န်ယူခဲ့တယ်လို့ မရှိဖူးဘူး၊ သူတည်ထောင်ခဲ့တာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ'စတဲ့စာသားတွေလည်းပါ၀င်ပါတယ်။
ဒသမတန်း၊ မြန်မာစာကျောင်းသုံးစာအုပ်အတွင်းက 'ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘ၀နဲ့ ပညာရေးအမြင်' သင်ရိုးညွန်းတန်းစာမျက်နှာမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂလို့ သုံးစွဲခြင်းမရှိဘဲ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌ လို့ သုံးစွဲထားတာကို ကျေနပ်မှုမရှိသူတွေက ခုလို သမိုင်းအမှားမဖြစ်အောင် ပြုလုပ်တာဖြစ်မယ်လို့ ဗကသအဖွဲ့၀င်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
မန္တလေးတိုင်းပညာရေးမှူးရုံးရှေ့က ဆိုင်းဘုတ်နဲ့ ဓာတ်တိုင်အချို့မှာ အခုလိုစာသားများပါတဲ့ စာရွက်တွေကို လာကပ်ထားတာဖြစ်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့၀င်တွေက ပြန်လည်ဖြုတ်သိမ်းသွားတယ်လို့လည်း သိရပါတယ်။


crd-voiceofmyanmar #Myanmar_Online_News
>>zawgyi<<
'ကလေးတွေ အလိမ်ခံရတော့မယ်'ခေါင်းစဉ်နဲ့ စာရွက်များ ကပ်ထားမှု မန္တလေးတွင် ဖြစ်ပွား
Sunday, June 7, 2020
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ ၆၆လမ်းနဲ့ ၆၈လမ်းကြားရှိ မန္တလေးတိုင်းပညာရေးမှူးရုံးရှေ့မှာ 'ကလေးတွေအလိမ်ခံရတော့မယ်'ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရွက်တွေကို လာရောက်ကပ်ထားမှု ဒီကနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီစာရွက်ထဲမှာ 'ကိုအောင်ဆန်းဘဝမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှာ တာဝန်ယူခဲ့တယ်လို့ မရှိဖူးဘူး၊ သူတည်ထောင်ခဲ့တာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ'စတဲ့စာသားတွေလည်းပါဝင်ပါတယ်။
ဒသမတန်း၊ မြန်မာစာကျောင်းသုံးစာအုပ်အတွင်းက 'ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘဝနဲ့ ပညာရေးအမြင်' သင်ရိုးညွန်းတန်းစာမျက်နှာမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂလို့ သုံးစွဲခြင်းမရှိဘဲ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌ လို့ သုံးစွဲထားတာကို ကျေနပ်မှုမရှိသူတွေက ခုလို သမိုင်းအမှားမဖြစ်အောင် ပြုလုပ်တာဖြစ်မယ်လို့ ဗကသအဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
မန္တလေးတိုင်းပညာရေးမှူးရုံးရှေ့က ဆိုင်းဘုတ်နဲ့ ဓာတ်တိုင်အချို့မှာ အခုလိုစာသားများပါတဲ့ စာရွက်တွေကို လာကပ်ထားတာဖြစ်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြန်လည်ဖြုတ်သိမ်းသွားတယ်လို့လည်း သိရပါတယ်။
crd-voiceofmyanmar #Myanmar_Online_News
No comments:
Post a Comment