Wednesday, June 3, 2020

ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ ဇွန် ၁၅ ရက်အထိ ဆက်ပိတ်ထားမည်

ပုသိမ်ခရိုင်အတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရင်ဂျီ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေကို ဇွန်လ ၁၅ ရက်နေ့ထိ ဆက်လက်ပြီး ယာယီပိတ်သိမ်းထားမယ်လို့ ဧရာဝတီတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဇွန်လ ၁ ရက်နေ့မှာ အချက် ၁၄ ချက်ပါ တားမြစ်မိန့်ကို ထုတ်ပြန်လိုက်တာလို့ ကော်မတီ ပြောရေးဆိုခွင့်ရှိသူ တိုင်းဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
လူထုတွေ့ဆုံပွဲတွေ၊ သာရေးဆိုင်ရာပွဲတော်တွေ၊ ဝတ်ပြုဆုတောင်းပွဲတော်တွေ၊ Mobile Service၊ Delivery လုပ်ငန်းတွေ၊ လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခမ်းအနာတွေ၊ ပွဲလမ်းသဘင်တွေကို ဇွန်လ ၁၅ ရက်အထိ ကျင်းပခြင်းမပြုလုပ်ဖို့ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ကာရာအိုကေနဲ့ စင်တင်ဖျော်ဖြေရေးတွေကိုလည်း ဇွန်လ ၁၅ ရက်နေ့အထိ ယာယီပိတ်သိမ်းထားဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်တွေရှိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေ ဧရာဝတီတိုင်းကိုဝင်ရောက်လာပါက Community Based Facility Quarantine ၂၁ ရက်ထားရှိပြီး အသွားအလာ ကန့်သတ်လုပ်ဆောင်မှုခံယူဖို့လည်း ထုတ်ပြန်ထားပါတယ်။
အမိန့်ညွန်ကြားချက်တွေကို မလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်း ရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
Ref ; DVB

No comments:

Post a Comment