Thursday, June 4, 2020

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်ရန်အနေအထားမရှိကြောင်း မြောက်ကိုရီးယားနိုင်ငံမှ ပြော

အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံအတွင်းတွင် လူမျိုးရေးခွဲခြားဆက်ဆံမှု ဆန္ဒမှုများနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများရှိနေချိန်တွင် ဟောင်ကောင် သို့မဟုတ် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်ရန် အနေအထားမရှိကြောင်း မြောက်ကိုရီးယားနိုင်ငံမှ ဇွန်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံ သတင်းစာများမှထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်တွင် အာဏာရအလုပ်သမားပါတီ (WPK) ၏ နိုင်ငံတကာရေးရာဌာန၏ အမည်မဖော်လိုသူတစ်ဦးမှ မကြာသေးမီကာလအတွင်း အမေရိကန်နိုင်ငံနိုင်ငံခြားရေးရာဝန်ကြီး Mike Pompeo ၏ မှတ်ချက်များနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့ပါသည်။
မေလ ၃၁ ရက်နေ့တွင် pompeo မှ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် မကြာသေးမီအချိန်ကပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များသည် အနောက်နိုင်ငံများ၏ အတွေးအခေါ်၊ ဒီမိုကရေစီနှင့် အနောက်နိုင်ငံများ၏တန်ဖိုးကိုဖျက်လိုဖျက်ဆီးရန် ရည်ရွယ်နေကြောင်း ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအတွက်အန္တရာယ်ရှိကြောင်း Fox News သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
Pompeo၏ ဟောင်ကောင်၊ ထိုင်ဝမ်တို့၏ လူ့အခွင့်အရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာအငြင်းပွားဖွယ်ရာများနှင့်ပတ်သက်သည့် ၎င်း၏မှတ်ချက်များသည် အဓိပ္ပာယ်မရှိသောစကားများသာဖြစ်ကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ခေါင်းဆောင်အား အသရေပျက်စေသည့်အရာများမဟုတ်ကြောင်း WPK ၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှ ပြောကြားခဲ့ပါသည်။
အမေရိကန်ခေါင်းဆောင်များ၏ ပြောကြားချက်သည် အမေရိကန်နိုင်ငံ အင်အားကျဆင်းနေမှုများနှင့်ပတ်သက်၍ ၎င်းတို့စိုးရိမ်ပူပန်မှုများကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ပြောခွင့်ရတစ်ဦးမှ ပြောကြားခဲ့ပါသည်။
အစွန်းရောက်လူမျိုးခွဲခြားဆက်ဆံရေးအတွက် မကျေမနပ်ဖြစ်နေကြသော ဆန္ဒပြသူများသည် အမေရိကန်နိုင်ငံအိမ်ဖြူတော်အထိပင် ရောက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းအခြေအနေမှာ လက်ရှိအမေရိကန်နိုင်ငံတွင် ဖြစ်ပျက်နေသော ဖြစ်ရပ်ဖြစ်ပါသည်။
၂၀၁၁ ခုနှစ် မြောက်ကိုရီးယားခေါင်ဆောင်အာဏာရရှိပြီးကတည်းက WPK ၏ နိုင်ငံတကာရေးရာဌာနအနေဖြင့် ကိုယ်ပိုင်ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ Yonhap သတင်းအေဂျင်စီမှပြောကြား ခဲ့ပါသည်။
>>zawgyi<<
အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်ရန်အနေအထားမရှိကြောင်း မြောက်ကိုရီးယားနိုင်ငံမှ ပြော
Thursday, June 4, 2020
အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံအတွင်းတွင် လူမျိုးရေးခွဲခြားဆက်ဆံမှု ဆန္ဒမှုများနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများရှိနေချိန်တွင် ဟောင်ကောင် သို့မဟုတ် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်ရန် အနေအထားမရှိ ကြောင်း မြောက်ကိုရီးယားနိုင်ငံမှ ဇွန်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားနိုင်ငံ သတင်းစာများမှထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်တွင် အာဏာရအလုပ်သမားပါတီ (WPK) ၏ နိုင်ငံတကာရေးရာဌာန၏ အမည်မဖော်လိုသူ တစ်ဦးမှ မကြာသေးမီကာလအတွင်း အမေရိကန်နိုင်ငံနိုင်ငံခြားရေးရာဝန်ကြီး Mike Pompeo ၏ မှတ်ချက်များနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့ပါသည်။
မေလ ၃၁ ရက်နေ့တွင် pompeo မှ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် မကြာသေးမီအချိန်ကပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များသည် အနောက်နိုင်ငံများ၏ အတွေးအခေါ်၊ ဒီမိုကရေစီနှင့် အနောက်နိုင်ငံများ၏တန်ဖိုးကိုဖျက်လိုဖျက်ဆီးရန် ရည်ရွယ်နေကြောင်း ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအတွက်အန္တရာယ်ရှိကြောင်း Fox News သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
Pompeo၏ ဟောင်ကောင်၊ ထိုင်ဝမ်တို့၏ လူ့အခွင့်အရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာအငြင်းပွားဖွယ်ရာများနှင့်ပတ်သက်သည့် ၎င်း၏မှတ်ချက်များသည် အဓိပ္ပာယ်မရှိသောစကားများသာဖြစ်ကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ခေါင်းဆောင်အား အသရေပျက်စေသည့်အရာများမဟုတ်ကြောင်း WPK ၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှ ပြောကြားခဲ့ပါသည်။
အမေရိကန်ခေါင်းဆောင်များ၏ ပြောကြားချက်သည် အမေရိကန်နိုင်ငံ အင်အားကျဆင်းနေမှုများနှင့်ပတ်သက်၍ ၎င်းတို့စိုးရိမ်ပူပန်မှုများကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ပြောခွင့်ရတစ်ဦးမှ ပြောကြားခဲ့ပါသည်။
အစွန်းရောက်လူမျိုးခွဲခြားဆက်ဆံရေးအတွက် မကျေမနပ်ဖြစ်နေကြသော ဆန္ဒပြသူများသည် အမေရိကန်နိုင်ငံအိမ်ဖြူတော်အထိပင် ရောက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းအခြေအနေမှာ လက်ရှိအမေရိကန်နိုင်ငံတွင် ဖြစ်ပျက်နေသော ဖြစ်ရပ်ဖြစ်ပါသည်။
၂၀၁၁ ခုနှစ် မြောက်ကိုရီးယားခေါင်ဆောင်အာဏာရရှိပြီးကတည်းက WPK ၏ နိုင်ငံတကာရေးရာဌာနအနေဖြင့် ကိုယ်ပိုင်ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ Yonhap သတင်းအေဂျင်စီမှပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment