ဇွဲကပင်တောင်တွင်ပျောက်သွားပြီး သေဆုံးလျက်တွေ့ရသည့် တက္ကသိုလ်ကျောင်းသူမှာ မသမာသော ထိခိုက်မှုမရှိဟု စစ်ဆေးတွေ့ရှိကြောင်းဘားအံမြို့နယ် ပရဟိတအဖွဲ့များထံမှ သိရသည်။
ဆေးစစ်ချက်အဖြေအရ သေဆုံးသွားသောမဇာခြည်မြင့်မြတ်သည် ဦးဏှောက်အနောက်ဘက်ထိခိုက် ဒဏ်ရာ ရရှိခြင်း၊ ခြေကျိုးခြင်း နှင့် တောင်ပေါ်မှပြုတ်ကျသည့်အရှိန်ကြောင့် အတွင်းဒဏ်ရာ အကြီးအကျယ် ရရှိထားမှုကြောင့် ဆုံးပါးသွားရခြင်း ဖြစ်ကြောင်း၊ ခန္ဓာကိုယ်အနှံ့အပြားသို့စစ်ဆေးပြုလုပ်ချက်အရ အခြားသော/မသမာ သော ထိခိုက်မှုမျိုး တစ်စုံတစ်ရာမရှိကြောင်းလည်း သိရသည်။
ဇွဲကပင်တောင်ပေါ်သို့တက်ရင်း ပျောက်ဆုံးသွားခဲ့သည့်အတွက် မိခင်ဖြစ်သူကလူပျောက်တိုင်တန်းချက်ဖွင့်ခဲ့ပြီး ရှာဖွေရေးအစီအစဉ်များကို ဇွန်လ ၂၆ ရက်တွင် စတင်ရှာဖွေခဲ့ရှာဖွေခဲ့ပြီး ရုပ်အလောင်းကို ရှာဖွေမှု ဒုတိယမြောက်နေ့တွင် မီးသတ်တပ်ဖွဲ့၏ Drone Team ဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

crd-Pyi Myanmar #Myanmar_Online_News
>>zawgyi<<
ဇွဲကပင်တောင်တွင်ပျောက်သွားပြီး သေဆုံးလျက်တွေ့ရသည့် တက္ကသိုလ်ကျောင်းသူမှာ မသမာသော ထိခိုက်မှုမရှိ
Sunday, June 28, 2020
ဇွဲကပင်တောင်တွင်ပျောက်သွားပြီး သေဆုံးလျက်တွေ့ရသည့် တက္ကသိုလ်ကျောင်းသူမှာ မသမာသော ထိခိုက်မှုမရှိဟု စစ်ဆေးတွေ့ရှိကြောင်းဘားအံမြို့နယ် ပရဟိတအဖွဲ့များထံမှ သိရသည်။
ဆေးစစ်ချက်အဖြေအရ သေဆုံးသွားသောမဇာခြည်မြင့်မြတ်သည် ဦးဏှောက်အနောက်ဘက်ထိခိုက် ဒဏ်ရာ ရရှိခြင်း၊ ခြေကျိုးခြင်း နှင့် တောင်ပေါ်မှပြုတ်ကျသည့်အရှိန်ကြောင့် အတွင်းဒဏ်ရာ အကြီးအကျယ် ရရှိထားမှုကြောင့် ဆုံးပါးသွားရခြင်း ဖြစ်ကြောင်း၊ ခန္ဓာကိုယ်အနှံ့အပြားသို့စစ်ဆေးပြုလုပ်ချက်အရ အခြားသော/မသမာ သော ထိခိုက်မှုမျိုး တစ်စုံတစ်ရာမရှိကြောင်းလည်း သိရသည်။
ဇွဲကပင်တောင်ပေါ်သို့တက်ရင်း ပျောက်ဆုံးသွားခဲ့သည့်အတွက် မိခင်ဖြစ်သူကလူပျောက်တိုင်တန်းချက်ဖွင့်ခဲ့ပြီး ရှာဖွေရေးအစီအစဉ်များကို ဇွန်လ ၂၆ ရက်တွင် စတင်ရှာဖွေခဲ့ရှာဖွေခဲ့ပြီး ရုပ်အလောင်းကို ရှာဖွေမှု ဒုတိယမြောက်နေ့တွင် မီးသတ်တပ်ဖွဲ့၏ Drone Team ဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
No comments:
Post a Comment