Thursday, June 4, 2020

ကျောက်မဲမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်ထောင်စု ကားလမ်းမကြီး၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက်ညနေ ၆ နာရီခန့်တွင် ယာဉ်ဝင်၊ ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ် ကွတ်ခိုင်- မန္တလေးသွား ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မခေါန်ဂျာ(ဘ)ဦးနော်ဂရောင်းနှင့် မလုလုပန်(ဘ)ဦးနော်ဂရောင်းတို့ ၂ ဦးကို ခရီးသည်ယာဉ်အမိုးပေါ်တွင် တင်ဆောင် ထားသော ၎င်းတို့ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ကာဘာအတွင်းမှပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၃၄၀ )နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆိးရမိသူများအား နောင်ချိုမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment