
အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့နေ မြန်မာအသိုက်အဝန်းနဲ့ ကျောင်းသား ကျောင်းသူတွေ လိုက်နာဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးက ဇွန်လ ၂ ရက် အင်္ဂါနေ့ ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေဟာ နယူးရောက်မှာပါ ဖြစ်ပွားလာနေတာကြောင့် ဇွန်လ ၃ ရက် ဗုဒ္ဓဟူးနေ့က စပြီး ည ၈နာရီကနေမနက် ၅ နာရီအထိ ညမထွက်ရ ထုတ်ပြန်ကြေညာလိုက်တဲ့အတွက် မြန်မာမိသားစုတွေနဲ့ ကျောင်သား ကျောင်းသူတွေအနနေဲ့ မိမိလုံခြုံရေးအတွက် ဒေသဆိုင်ရာ အစိုးရရဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့ သတိပေး တိုက်တွန်းထားတာပါ။
မိမိ နေအိမ်မှာပဲနေပြီး ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် သတိထားဖို့အပြင် ပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတာကို သိနိုင်အောင်သတင်းမီဒီယာတွေကို စောင့်ကြည့် သွားဖို့နဲ့ သတ်မှတ် စည်းကမ်းတွေ လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင်လူစုလူဝေးဖြစ်တဲ့ နေရာတွေကို မသွားကြဖို့နဲ့ လိုအပ်လို့ နေအိမ်ကနေ အပြင်ကို သွားရင်လည်း လူစုလူဝေးနဲ့ ကြုံရရင် လူအုပ်နဲ့ ဝေးရာကို ရှောင်သွားဖို့၊ ကားမောင်းစဉ် ကြုံရရင် ကားတံခါးမဖွင့်ဖို့ကစပြီး အရေးပေါ်ကြုံရင် ၉၁၁ ကို ခေါ်ဖို့ပါ ညွှန်ကြားထားပါတယ်။
တကယ်လို့ ကောင်စစ်ဆိုင်ရာကိစ္စနဲ့ အရေးပေါ် ဆက်သွယ်ချင်ရင် လက်ကိုင်ဖုံး ၁ (၃၄၇) ၆၄၇ ၀၈၀၁ ဒါမှမဟုတ် ၁ (၉၁၇) ၅၆၁ ၄၄၁၆ နဲ့ အီးမေးလ် counsulatemyanmarny@gmail.com ကို ဆက်သွယ်ဖို့ပါ ဖေါ်ပြထားပါတယ်။
တခြားမြို့ကြီး အတော်များများမှာလည်း လူတွေ လမ်းမတွေပေါ်မှာ မရှိအောင် မြို့တော်ဝန်တွေကညမထွက်ရ ကာဖျူးအမိန့်တွေ ထုတ်ပြန်ထားသလို အကြမ်းဖက်မှုတွေ ပေါ်လာရင် ခြေမှုန်းနိုင်ဖို့အတွက်အမျိုးသားအစောင့်တပ်တွေကိုလည်း ချထားပါတယ်။



Crd : Permanent Mission of Myanmar to the United Nations #Myanmar_Online_News
No comments:
Post a Comment