
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်မှ နျူကလီးယားဆွေးနွေး ညှိနှိုင်းမှုများနှင့်ပတ်သက်၍တိုးတက်မှုများရရှိရန် မျှော်လင့်နေသော်လည်း အမေရိကန်နိုင်ငံတွင် ရွေးကောက်ပွဲများမပြုလုပ်မီ သမ္မတဒေါ်နယ်ထရန့်နှင့် ခေါင်းဆောင်ကင်ဂျုံအန် တို့အကြား ထပ်မံဆွေးနွေးမည့်အပေါ် သံသယရှိနေကြောင်း ဇွန်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Steve Biegun မှ ကမ္ဘာလုံး ဆိုင်ရာ COVID-19 ကပ်ရောဂါသည် တွေ့ဆုံဆွေးနွေးမှုများကို ခက်ခဲစေသည့် အဖျက် သမား (wet blanket) ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။
အမေရိကန်နိုင်ငံရှိ ပညာရှင်ပါ အဖွဲ့အစည်းဖြစ်သော German Marshall Fund ၏ ဆွေးနွေးပွဲတစ်ခုတွင် သမ္မတဒေါ်နယ်ထရန့်နှင့် ခေါင်းဆောင်ကင်ဂျုံအန်တို့အကြား တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ Steve Biegun အား မေးမြန်းခဲ့ရာ ၎င်းမှ “ယခု အချိန်နှင့် အမေရိကန်နိုင်ငံရွေးကောက်ပွဲပြုလုပ်မည့် အချိန်ကာလကြားတွင် ဆွေးနွေးမှု ရှိမည်မဟုတ်ကြောင်း” ပြောကြားခဲ့ပါသည်။
Steve Biegun မှ အမေရိကန်နိုင်ငံသည် သံတမန်ရေးရာကိစ္စရပ်များအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမေရိကန်နှင့် မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ရည်ရွယ်ချက်များအတွက် ရှေ့ဆက်သွားရန် ဆန္ဒရှိမည်ဟု ယုံကြည်ကြောင်း၊ အမေရိကန်နှင့် မြောက်ကိုရီးယား နိုင်ငံကြား ကြီးမား သော တိုးတက်မှုများပြုလုပ်ရန် အချိန်ရှိသေးသည်ဟု ယုံကြည်ကြောင်း” ပြောကြားခဲ့ ပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် နယ်စပ်ရှိ ဆက်ဆံရေးရုံးအား ဖောက်ခွဲခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုများမြင့်တက်လာခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည့် အမေရိကန်သမ္မတဖြစ်ပါသည်။ အမေရိကန်နိုင်ငံ သည် လွန်ခဲ့သောနှစ် ၇၀ က စတင်ခဲ့သည့် စစ်ပွဲအား မည်သည့်အခါမျှ အဆုံးသတ်ခဲ့ ခြင်းမရှိပါ။
ကိုရီးယားကျွန်းဆွယ်သို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့် သွားရောက်ခဲ့ပြီး နောက် လအနည်းငယ်အကြာတွင် ဒေါ်နယ်ထရန့်နှင့်ကင်ဂျုံအန်တို့ တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် မြောက်ကိုရီးယားနိုင်ငံ၏ တောင်းဆိုချက်ကို အမေရိကန်နိုင်ငံမှ ငြင်းပယ်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်က ဟနွိုင်း မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုမှာ ပျက်စီးခဲ့ရပါသည်။
Ref;Channel News Asia #Myanmar_Online_News
No comments:
Post a Comment