မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ Kim Yo Jong မှ စစ်မဲ့ဇုန်အတွင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည့် ပြည်ပြေးများကိုတားဆီးရန် တောင်ကိုရီးယားနိုင်ငံအား သတိပေးပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ လုပ်ဆောင်မှုများ ဆက်လက်ရှိနေ မည်ဆိုလျှင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မကြာသေးမီက ရရှိခဲ့သည့် နှစ်နိုင်ငံ စစ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ နေရာတွင် အလွတ်သဘော တာဝန်ထမ်းဆောင်လျက်ရှိသည့် Kim Yo Jong မှ သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဇွန်လ ၄ ရက်နေ့တွင် ဖော်ပြခဲ့ ပါသည်။
မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ၏ စစ်မဲ့ဇုန်တစ်လျှောက်တွင် ပစ်ထား ခဲ့သည့် “မြောက်ကိုရီးယားနိုင်ငံမှ ပြည်ပြေးများ” ခေါင်းစဉ်ပါ “ မြောက်ကိုရီးယား ဆန့်ကျင်သည့် စာစောင်” အမြောက်အမြားရှိကြောင်း သူမမှ ထုတ်ဖော်ပြောဆိုခဲ့ ပါသည်။
မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင်အမည်မှာ DPRK သို့မဟုတ် ကိုရီးယားဒီမို ကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်များကိုအကြောင်းပြု၍ မိမိတို့ ရှေ့မှောက်၌ ထိုကဲ့သို့ ဆိုးရွားသောလုပ်ရပ်များ လုပ်ဆောင်ခဲ့မည်ဆိုလျှင် တောင်ကိုရီးယားအာဏာပိုင်များအနေဖြင့် ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း KCNA မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
လက်ကမ်းစာစောင်များအား လျှို့ဝှက်စွာဖြန့်ဝေခြင်း၏ အကျိုးဆက်အနေဖြင့် ကိုးရီးယားနှစ်နိုင်ငံကြား စစ်ရေးခြိမ်းခြောက်မှုများမပြုလုပ်ရန် ကတိကဝတ်ပြုထားသည့် စစ်ရေးသဘောတူညီချက် ဖျက်သိမ်းနိုင်သည့် အလား အလာရှိကြောင်း Kim Yo Jong မှ သတိပေးပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ်က ရရှိခဲ့သည့် အဆိုပါ စစ်ရေးသဘောတူညီချက်သည် တန်ဖိုးမရှိကြောင်း သူမမှ ပြောကြားခဲ့ပါသည်။
အကယ်၍ တောင်ကိုရီးယားနိုင်ငံသည် ထိုကဲ့သို့ လုပ်ရပ်များအား တားဆီးခြင်း မပြုလျှင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် Kaesong မြို့ရှိ စက်မှုစီမံကိန်းမှ အပြီးတိုင် နုတ်ထွက်မည်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ၏ နယ်စပ်မြို့ရှိ ပူးတွဲဆက်ဆံရေးရုံးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း သူမမှ သတိပေးပြောကြားခဲ့ပါသည်။
KCNA ၏ ထုတ်ပြန်ချက်တွင် လက်ကမ်းစာစောင်ဖြန့်ဝေသည့်အတွက် အပြစ်ရှိသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖော်ပြခဲ့ခြင်းမရှိပါ။ သို့သော် ဧပြီလက တောင်ကိုရီးယားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြောက်ကိုရီးယားသံတမန် ဟောင်းတစ်ဦးနှင့် မြောက်ကိုရီးယားနိုင်ငံမှ ပြည်ပြေးတစ်ဦး ပါလီမန်အမတ်နေရာရရှိ ပြီးနောက် Kim Yo Jong ၏ မှတ်ချက်ပေးမှုများ ထွက်ပေါ်လာခဲ့ပါသည်။
Kim Yo Jong သည် လွန်ခဲ့သည့် ၂ နှစ်အတွင်း သူမ၏ အကိုဖြစ်သူ ခေါင်းဆောင် ကင်ဂျုံအန်းအနားတွင် ရှိနေခဲ့သည်ကို မြင်တွေ့ရပါသည်။ သူမသည် အာဏာရအလုပ် သမားပါတီ၏ အင်အားကြီးဗဟိုကော်မတီတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တရားဝင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
crd-Reuters #Myanmar_Online_News
>>zawgyi<<
မြောက်ကိုရီးယားဆန့်ကျင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည့် ပြည်ပြေး များကို တားဆီးရန် မြောက်ကိုရီးယားနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံအား သတိပေး
Thursday, June 4, 2020
မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ Kim Yo Jong မှ စစ်မဲ့ဇုန်အတွင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည့် ပြည်ပြေးများကို တားဆီးရန် တောင်ကိုရီးယား နိုင်ငံအား သတိပေးပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများ ဆက်လက်ရှိနေ မည်ဆိုလျှင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မကြာသေးမီက ရရှိခဲ့သည့် နှစ်နိုင်ငံ စစ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ နေရာတွင် အလွတ်သဘော တာဝန်ထမ်းဆောင်လျက်ရှိသည့် Kim Yo Jong မှ သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဇွန်လ ၄ ရက်နေ့တွင် ဖော်ပြခဲ့ ပါသည်။
မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ၏ စစ်မဲ့ဇုန်တစ်လျှောက်တွင် ပစ်ထား ခဲ့သည့် “မြောက်ကိုရီးယားနိုင်ငံမှ ပြည်ပြေးများ” ခေါင်းစဉ်ပါ “ မြောက်ကိုရီးယား ဆန့်ကျင်သည့် စာစောင်” အမြောက်အမြားရှိကြောင်း သူမမှ ထုတ်ဖော်ပြောဆိုခဲ့ ပါသည်။
မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင်အမည်မှာ DPRK သို့မဟုတ် ကိုရီးယားဒီမို ကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လူတစ်ဦးချင်းစီ၏လွတ်လပ်ခွင့်များကို အကြောင်းပြု၍ မိမိတို့ ရှေ့မှောက်၌ ထိုကဲ့သို့ ဆိုးရွားသောလုပ်ရပ်များ လုပ်ဆောင် ခဲ့မည်ဆိုလျှင် တောင်ကိုရီးယားအာဏာပိုင်များအနေဖြင့် ဆိုးရွားသော အခြေအနေ များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း KCNA မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
လက်ကမ်းစာစောင်များအား လျှို့ဝှက်စွာဖြန့်ဝေခြင်း၏ အကျိုးဆက်အနေဖြင့် ကိုးရီးယားနှစ်နိုင်ငံကြား စစ်ရေးခြိမ်းခြောက်မှုများ မပြုလုပ်ရန် ကတိကဝတ်ပြုထား သည့် စစ်ရေးသဘောတူညီချက် ဖျက်သိမ်းနိုင်သည့် အလားအလာရှိကြောင်း Kim Yo Jong မှ သတိပေးပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ်က ရရှိခဲ့သည့် အဆိုပါ စစ်ရေးသဘောတူညီချက်သည် တန်ဖိုးမရှိ ကြောင်း သူမမှ ပြောကြားခဲ့ပါသည်။
အကယ်၍ တောင်ကိုရီးယားနိုင်ငံသည် ထိုကဲ့သို့ လုပ်ရပ်များအား တားဆီးခြင်း မပြုလျှင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် Kaesong မြို့ရှိ စက်မှုစီမံကိန်းမှ အပြီးတိုင် နုတ်ထွက်မည်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ၏ နယ်စပ်မြို့ရှိ ပူးတွဲဆက်ဆံရေးရုံးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း သူမမှ သတိပေးပြောကြားခဲ့ပါသည်။
KCNA ၏ ထုတ်ပြန်ချက်တွင် လက်ကမ်းစာစောင်ဖြန့်ဝေသည့်အတွက် အပြစ် ရှိသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖော်ပြခဲ့ခြင်းမရှိပါ။ သို့သော် ဧပြီလက တောင်ကိုရီးယားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြောက်ကိုရီးယားသံတမန် ဟောင်းတစ်ဦးနှင့် မြောက်ကိုရီးယားနိုင်ငံမှ ပြည်ပြေးတစ်ဦး ပါလီမန်အမတ်နေရာရရှိ ပြီးနောက် Kim Yo Jong ၏ မှတ်ချက်ပေးမှုများ ထွက်ပေါ်လာခဲ့ပါသည်။
Kim Yo Jong သည် လွန်ခဲ့သည့် ၂ နှစ်အတွင်း သူမ၏ အကိုဖြစ်သူ ခေါင်းဆောင် ကင်ဂျုံအန်းအနားတွင် ရှိနေခဲ့သည်ကို မြင်တွေ့ရပါသည်။ သူမသည် အာဏာရအလုပ် သမားပါတီ၏ အင်အားကြီးဗဟိုကော်မတီတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တရားဝင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
crd-Reuters #Myanmar_Online_News
No comments:
Post a Comment