Friday, June 5, 2020

ပြစ်သစ်နိုင်ငံ လိုင်လီမြို့တွင် လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးဖြင့် လူစုခွဲ

ပြစ်သစ်နိုင်ငံမြောက်ပိုင်း လိုင်လီမြို့တွင် ဇွန်လ ၄ ရက်နေ့၌ လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြသူ ၂၀၀၀ ဦးခန့်အား ပြင်သစ်ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ပါသည်။
အမေရိကန်နိုင်ငံတွင် အာဖရိကန် အမေရိကန်လူမည်းအမျိုးသား George Floyd သည် ရဲလက်ချက်ဖြင့် သေဆုံးခဲ့သောကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းကူးစက်လာကာ ဆန္ဒပြသူများမှ “တရားမျှတမှုမရှိလျှင် ငြိမ်းချမ်းမှုမရှိ” ဟုကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ချီတက်ဆန္ဒပြသူများမှ အမေရိကန်ဆန္ဒပြပွဲများတွင်အသုံးပြုသည့် “Black lives matter” , “I can’t breath” , “Stop police violence” အစရှိသည့် ပိုစတာများကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
လိုင်လီမြို့ရှိလူငယ်များသည် မြို့လယ်ခေါင်သို့ ချီတက်ကာ “အမေရိကန်အတွက် တရားမျှတရေး” ဟုလည်း ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
ပြင်သစ်နိုင်ငံ၌Adama Traore အမည်ရှိ လူမည်းအမျိုးသားတစ်ဦးသည်လည်း ၂၀၁၆ခုနှစ်တွင် ရဲချုပ်နှောင်ဖမ်းဆီးရာမှ သေဆုံးခဲ့သည်။
ဇွန်လ ၄ ရက်နေ့တွင် လိုင်လီမြို့ရှိ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့သော်လည်း ဆူပူမှုများသည် ညအချိန်ထိဆက်လက် ဖြစ်ပွားခဲ့သည်။
ချီတက်ဆန္ဒပြသူများထဲမှ အသက် ၃၂ နှစ်အရွယ်ရှိ Sofian Betrancourt မှ AFP သတင်းဌာနသို့ “ ယနေ့ခေတ်ပြည်သူတွေဟာ အမေရိကန်နိုင်ငံသားတွေရဲ့အပယ်ခံဘဝ လို့ခံစားနေရပြီး ပေါင်းစည်းဖို့၊ အသိအမှတ်ပြုခံရဖို့နဲ့ တန်းတူအခွင့်အရေးရဖို့ တောင်းဆိုနေကြတာပါ” ဟု ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏အကြမ်းဖက်မှုများသည် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း တစ်ချိန်ထဲမှာပင် အဆိုပါတရားမျှတမှုမရှိခြင်းအား ကမ္ဘာတစ်ဝှမ်း ဖော်ပြလျှက်ရှိကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။
Source : Channel NewsAsia
“French police fire tear gas at anti-racism demo in Lille”

No comments:

Post a Comment