Saturday, June 27, 2020

ဘင်္ဂါလီဒုက္ခသည်များကို လုံးဝလက်ခံတော့မှာမဟုတ်ကြောင်း မလေးဝန်ကြီးချုပ်ပြောကြား

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တိုင်းပြည်ရဲ့အရင်းအမြစ်တွေ ဆုတ်ယုတ်လာနဲ့ စီးပွားရေးထိခိုက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာလာတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို လုံးဝလက်ခံတော့မှာ မဟုတ်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin က သောကြာနေ့က ပြောလိုက်ပါတယ်။
ဒုက္ခသည်စခန်းတွေမှာ အနေအစားဆင်းရဲတဲ့အတွက် မူဆလင်အများစုရှိတဲ့ မလေးရှားနိုင်ငံကို ဒုက္ခသည်တွေက လှေတွေနဲ့ တဆင့် သွား ရောက်နိုင်ဖို့ အရင်ကတည်းက ကြိုးပမ်းနေကြတာပါ။ ကပ်ရောဂါကာလ ပြည်ပကလာရောက်သူတွေကနေတဆင့် ရောဂါကူးစက်နိုင်ပြီး နိုင်ငံ့ဘဏ္ဍာငွေလည်း ထိခိုက်နိုင်တာကြောင့် မလေးရှားနိုင်ငံက ဒုက္ခသည်လှေတွေကို လက်မခံခဲ့သလို ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ မလေးရှားပြည်သူတွေအကြားလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားစေတဲ့ လက်သည်တွေဟာ နိုင်ငံခြား သားတွေ ဖြစ်တယ်လို့ ယူဆပြီး အမျက် ဒေါသထွက်နေကြတာပါ။
COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေး ရှိပြီးသား အရင်းအမြစ်စွမ်းအားတွေ အသုံးပြုထားရတဲ့အတွက် နောက်ထပ် ဒုက္ခသည် တွေလက်မခံနိုင်တော့ကြောင်းနဲ့ မလေးရှားကို နောက်ထပ် ဒုက္ခသည်တွေ လက်ခံပေးဖို့ မျှော်လင့်နေတာ တရားမျှတမှု မရှိကြောင်း ဝန်ကြီးချုပ် Muhyiddin Yassin က မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (ASEAN) ၁၀နိုင်ငံ ခေါင်းဆောင်တွေနဲ့ ပြုလုပ်တဲ့ ရုပ်သံဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။
ဒီအပတ်ထဲ အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ မျောနေတဲ့ စက်လှေပေါ်က ဘင်္ဂါလီဒုက္ခသည် ၁၀၀ နီးပါး ကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်ဆယ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ကတော့ ရခိုင် ပြည်နယ်က လုံခြုံရေး အခြေအနေတွေနဲ့ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါအခြေအနေတွေကြောင့် ဒုက္ခသည်တွေဟာ သူတို့ရဲ့ နေရပ်ရင်းကို မိမိ ဆန္ဒအလျှောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်ဖို့ မဖြစ်နိုင်သေးကြောင်းနဲ့ ဘင်္ဂါလီဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးကိစ္စက အင်ဒိုနီးရှား အစိုးရ အတွက် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းက မြန်မာတပ်မတော်နဲ့ ARSA လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ကြား တိုက်ပွဲတွေ အတွင်း စစ်တပ်က နယ်မြေရှင်းလင်းတာမှာ ဘင်္ဂါလီ သိန်းနဲ့ ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြရတာပါ။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်စီစစ်လက်ခံသွားဖို့ ကတိပြုထားကြောင်း သိရှိရပါတယ်။
Crd : VOA

No comments:

Post a Comment