Thursday, June 25, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရသို့သွားရောက်၍ ဆရာတော်များအား ဖူးမျှော်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပြုလုပ်သည့် Great Patriotic War (1941-1945 ) အောင်နိုင်မှု (၇၅) နှစ် မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့တွင်ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းတွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရသို့ ရောက်ရှိသွားရောက်ပြီး ကျောင်းထိုင်ဆရာတော်များအား လှူဖွယ်ပစ္စည်းဝတ္ထုများ ဆက်ကပ်လှူဒါန်း ဖူးမျှော်ခဲ့ကြပါသည်။
ထို့နောက် ကျောင်းတိုက်အတွင်း တည်ဆောက်ရန်စီစဉ်ထားရှိသည့် သဒ္ဓမ္မဇောတိက သိမ်တော်အခြေနေများကို ကြည့်ရှုရာ စစ်သံမှူးဗိုလ်မှူးချုပ်ကျော်စိုးမိုးမှ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ဧည့်ပရိတ်သတ်အပေါင်းကို နှုတ်ဆက်ခါ ပြန်လည်ထွက်ခွါသွားကြကြောင်း သိရပါသည်။
crd- ဗုဒ္ဓစင်တာ-မော်စကို - via- Mg Moe #Myanmar_Online_News
>>zawgyi<<

No comments:

Post a Comment