Wednesday, June 3, 2020

ပဟေဠိလူနာ အမှတ် (၂၃၁) ရဲ့ ထိတွေ့မှုရာဇဝင်ကို သိရပြီး လူပေါင်းရာနဲ့ချီ၍ ထိတွေ့ခဲ့

၂.၆.၂၀၂၀ရက်နေ့ ည၈နာရီ။ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ အတည်ပြုလူနာအမှတ် (၂၃၁) သည် မုံးပေါ်ကျေးလက်ကျန်းမာရေးဌာနမှူးဖြစ်သည်။ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
၂၈/၂၉-၅-၂၀၂၀ ရက်တွင် မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးတွင် လစာထုတ် အစည်းအဝေးတက်ရောက်ရန် လာရောက်စဉ် ခရိုင်ဆေးရုံအုပ်ကြီးက ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ကျန်းမာရေးဝန်ထမ်းအားလုံး ဓါတ်ခွဲနမူနာပေးပို့ပြီး ဆေးစစ်ခိုင်းရာမှ လူနာအမှတ် (၂၃၁) အဖြစ်ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
ယခုဆိုရင် အဆိုပါ လူနာအမျတ် (၂၃၁) ၏ခရီးသွားရာဇဝင်နှင့် ဆက်စပ်ထိတွေ့ခဲ့မှုများအား ခြေရာကောက်ပြီး စုံစမ်းဖော်ထုတ်လျှက်ရှိပါသည်။ဒီနေရာမှာ သတိထားစရာ၊ စဉ်းစားစရာများရှိပါသည်။ အဆိုပါ လူနာအမှတ် (၂၃၁) သည် ဓါတ်ခွဲခန်း နမူနာယူသည့်အချိန်အထိ မည်သည့်ရောဂါလက္ခဏာမျှပြသခြင်း မရှိပါ။ ဒါ့အပြင် ပြည်ပခရီးသွားရာဇဝင်လည်း မရှိပါ။လူနာအမှတ် (၂၃၁) သည် မိမိတာဝန်ကျရာ မုံးပေါ်ကျေးရွာတွင်သာ တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပါသည်။ မူဆယ် နန်းတော်လူ/ဝင်ထွက်ဂိတ်တွင် တာဝန်မကျဘူးပါ။ မတ်လနှင့်ဧပြီလများတွင် မုံးပေါ်မှာ ရှိနေပါသည်။
မေ ၁၁ ရက်နေ့မှ ၁၅ရက်နေ့အထိ မူဆယ်မြို့ပေါ်တွင် ရှိနေပြီးမေ ၁၂/၁၃/၁၄ရက်များတွင် မူဆယ်မြို့ဟိုမွန် ရပ်ကွက်၊မြောက်ရပ်ကွက်တို့ တွင် မိုးရာသီသွေးလွန်၊တုပ်ကွေးကာကွယ်ဆေး လိုက်ခပ်ပေးခဲ့ပါသည်။မေ ၁၆ ရက်နေ့မှာ မုံးပေါ်ပြန်သွားပြီး ၁၈ ရက်နေ့မှ ာလရှက်ရွာရှိ တရုတ်နိုင်ငံရွှေလီပြန် HQ ဝင် လူနာ တစ်ဦးကို သွားရောက်ဆေးကုသ ပေးခဲ့ပါသည်။၂၀ ရက်နေ့မှာ မုံးပေါ်ရှိ ရပ်ကွက်(၄)တွင်သွေးလွန်တုပ်ကွေးကာကွယ်ဆေး လိုက်ခပ်ခဲ့ပါသည်။
၂၆ရက်နေ့တွင် မုံးပေါ်ရှိ အဆုတ်သွေးအန်တဲ့လူနာကို ကုသပေးခဲ့ပါသည်။၂၁ ရက်နေ့ မုံးပေါ်မန်နောက်ခေါင်းရွာရှိ မွေးလူနာတစ်ဦးကိုဆေးကုသပေးခဲ့ပါသည်။ဆိုလိုတာက လူနာ (၂၃၁) သည် ကျန်းမာရေးမှူးတစ်ယောက်ဖြစ်သည့်အတွက် လူနာထိတွေ့မှု အရေအတွက်မှာ ၃ဦးသာရှိပြီး ကျန်သည့်ရက်များတွင် ၎င်း၏ ဆေးပေးခန်းတွင် တခြားလူနာများလာရောက်ပြသခြင်းမရှိသည်ကို ဖော်ပြလိုခြင်းဖြစ်သည်။
ယခုဆိုရင် မုံးပေါ်ကျေးရွာရှိ လူနာနံပါတ် (၂၃၁) နှင့်ထိတွေ့ ဆက်စပ်ခဲ့သူအရေအတွက်မှာ ၄၁ ဦးရှိသည်ဟုသိရပါသည်။ ၎င်း ၄၁ ဦးအနက် ၃ဦးမှာလူနာနံပါတ် (၂၃၁) ကြည့် ရူကုသပေးခဲ့သည့် လူနာ ၃ဦးပါရှိကြောင်း သိရပါသည်။ ယခု ၄၁ ဦး၏ နမှုနာစများရယူထားပြီး အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့ သွားမည်ဖြစ်ပြီး ၎င်း ၄၁ဦးလုံးကိုလည်း FQ လုပ်ထားပြီးဖြစ်ပါသည်။
နောက်ထပ် လူနာအမှတ် (၂၃၁) နှင့်ထိတွေ့ခဲ့သူများမှာ ၂၉/၃၀/၃၁/၁/၂ ရက်နေ့များတွင် လူနာနံပါတ် (၂၃၁) သည် မူဆယ်မြို့နေအိမ်သို့ သွားရောက်နေထိုင်ခဲ့သည့်အတွက် သူနှင့်ထိစပ်တွေ့ခဲ့တဲ့ မိသားစုဝင်များကို ခြေရာကောက်ဖော်ထုတ်ပြီး နမှုနာစများကို ဓါတ်ခွဲခန်းသို့ ပို့ ဆောင်သွားမှာဖြစ်သည်။ လူနာနံပါတ် (၂၃၁) နေထိုင်ရာ လမ်းကိုလည်း လော့ဒေါင်းချပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကစောင့်ကြပ်ကြည့်ရူလျှက် ရှိပါသည်။
ဒီနေရာမှာ လူနာနံပါတ် (၂၃၁) သည် ပရဟိတစိတ်ပြင်းသူတစ်ယောက်ဖြစ်ပုံရပါသည်။ မူဆယ်မြို့သို့ ရောက်ရှိစဉ် ကာလမှာပင် ၃၁ ရက်နေ့က ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ ကုန်တင်ကားသမားများကို ထမင်းထုပ်ဝေငှပေးရာတွင်လည်း ပရဟိတလုပ်အားပေးအဖြစ် ပါဝင်ခဲ့ပြန်ပါသည်။အဲ့ဒီအတွက်ကြောင့် ၎င်းနှင့်ထိတွေ့ခဲ့သူများကို မူဆယ်ဆေးရုံရှိ လူနာအမှတ် (၂၃၁) ထံ မေးမြန်းခြင်း၊၎င်းလှုပ် ရှားခဲ့သော CCTVမှတ်တမ်းများကို ပြန်လည်ကြည့်ရူ စစ်ဆေးတို့ ပြုလုပ်လျှက်ရှိပါသည်။
ဒါကြောင့် ကျနော်တို့ ပြည်သူတွေ မမေ့၊မလျော့၊ မပေါ့ဆကြဘဲ သွားသတိ၊ စားသတိ၊ အလုပ်လုပ်လည်း သ တိကြီးစွာရှိနေကြဖို့ အရေးကြီးလှပါသည်။ကျနော်တို့ တွေသည် ပြည်ပကေ့စ်များကိုသာ သတိ ထားနေရုံသာမကဘဲ၊ ပြည်တွင်းမှာလည်း ဘယ်နေရာမှာ ဘယ်အချိန်က ဘယ်လိုကူးစက်ခဲ့သလဲဆိုတဲ့ကူးစက်နည်းသည် ကြောက်စရာ အကောင်းဆုံးကူးစက်နည်းဖြစ်သည့်အတွက် သတိကြီးကြီးထားကြဖို့အရေးကြီးပါ သည်။ မလိုအပ်ဘဲနဲ့ အပြင်ထွက်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါသည်။
ဒါကြောင့် ကျနော်တို့ ပြည်သူတွေအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာပြီး ညီညီညွှတ်ညွှတ် စည်းကမ်းရှိစွာဖြင့်မာယာများတဲ့ Covid-19ကိုတိုက်ထုတ်ကြပါစို့ လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
(ရှမ်းပြည်နယ် စီမံ၊ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆင့်ပြန်လည်ဖော်ပြပါသည်)
လေးစားစွာဖြင့်
စိုးညွန့်လွင် ( ရှမ်းစီမံ၊ဘဏ္ဍာဝန်ကြီး)
Ref ; Lasho Media

No comments:

Post a Comment