Thursday, June 4, 2020

အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည့် ရန်ကုန်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို အရေးယူပေးဖို့အဆို ပယ်ချခံရ

ကိုရိုနာဗိုင်းရစ်ရောဂါနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ အမိန့်ညွှန်ကြားချက်တွေအရ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ကို အရေးယူဆောင်ပေးဖို့ အရေးကြီးအဆို တင်ထားတာကို ရန်ကုန်တိုင်းလွှတ်တော်က လက်မခံတဲ့အတွက် ဆွေးနွေးခွင့်မရလိုက်ဘူးလို့ ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကဒီကနေ့ ပြောပါတယ်။
"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစိုးရကို တင်မြှောက်လိုက်တာက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဥပဒေပြုတယ် ဥပဒေကိုမှန်ကန်အောင် ထိန်းရမယ့်တာဝန်ရှိတယ်။ ကိုယ်တင်မြှောက်လိုက်တဲ့အစိုးက ဖောက်တာကို ငြိမ်နေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်လည်း အလိုတူအလိုပါလိုတော့ ဖြစ်တာပေါ့ဗျာ။ အဲဒါလေးကိုပြောချင်တာ။ ဥပဒေပြုတဲ့လွှတ်တော် ကိုယ်စားလှယ်များက မထိန်းကြောင်းနိုင်တဲ့ သဘောမျိုးဖြစ်နေတယ်"
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင်၊ အစိုးရအဖွဲ့ဝင်တချို့ မေလ ၂၄ ရက်နေ့က ဗိုလ်တထောင်ဘုရားမှာကျင်းပတဲ့ အခမ်းအနားတစ်ရပ်ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ ပြန့်ပွားနေချိန်ဖြစ်ပြီး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမိန့် ညွှန်ကြားချက်နဲ့ နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကို မလိုက်နာတဲ့အတွက် တိုင်းလွှတ်တော်ကနေ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ဆီကို လိုအပ်သလို အရေးယူနိုင်ရေး တရားဝင် တင်ပြပေးဖို့ အဆိုတင်ခဲ့တာပါ။
အရေးကြီးအဆိုတစ်ခုအနေနဲ့ ဇွန်လ ၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌကို ပေးပို့ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတိပေးထားပြီး နိုင်ငံတော်သမ္မတရုံးကလည်း ဖြေရှင်းချက်ပေးဖို့ ညွှန်ကြားထားပါတယ်။
ဦးကျော်ဇေယျဟာ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ပါတီက ထုတ်ပယ်လိုက်တာဖြစ်ပြီး အခုအချိန်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှာ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပါတယ်။ အဆိုကို တင်ခွင့်မပြုခဲ့တဲ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆီကို RFA ကဒီကနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး စည်းကမ်းတွေ ထုတ်ပြန်ထားတဲ့ကာလအတွင်း လူစုလူဝေးနဲ့ တရားပွဲ ပြုလုပ်ခဲ့မှုနဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ် (ခ) စောဒေးဗစ်လားကိုတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က)နဲ့ အရေး ယူထားပြီး နာမည်ကျော် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။
>>zawgyi<<
အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည့် ရန်ကုန်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို အရေးယူပေးဖို့အဆို ပယ်ချခံရ
Thursday, June 4, 2020
ကိုရိုနာဗိုင်းရစ်ရောဂါနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ အမိန့်ညွှန်ကြားချက်တွေအရ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ကို အရေးယူဆောင်ပေးဖို့ အရေးကြီးအဆို တင်ထားတာကို ရန်ကုန်တိုင်းလွှတ်တော်က လက်မခံတဲ့အတွက် ဆွေးနွေးခွင့် မရလိုက်ဘူးလို့ ဒဂုံမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကဒီကနေ့ ပြောပါတယ်။
"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစိုးရကို တင်မြှောက်လိုက်တာက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဥပဒေပြုတယ် ဥပဒေကိုမှန်ကန်အောင် ထိန်းရမယ့်တာဝန်ရှိတယ်။ ကိုယ်တင်မြှောက်လိုက်တဲ့အစိုးက ဖောက်တာကို ငြိမ်နေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်လည်း အလိုတူအလိုပါလိုတော့ ဖြစ်တာပေါ့ဗျာ။ အဲဒါလေးကိုပြောချင်တာ။ ဥပဒေပြုတဲ့လွှတ်တော် ကိုယ်စားလှယ်များက မထိန်းကြောင်းနိုင်တဲ့ သဘောမျိုးဖြစ်နေတယ်"
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင်၊ အစိုးရအဖွဲ့ဝင်တချို့ မေလ ၂၄ ရက်နေ့က ဗိုလ်တထောင်ဘုရားမှာကျင်းပတဲ့ အခမ်းအနားတစ်ရပ်ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ ပြန့်ပွားနေချိန်ဖြစ်ပြီး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမိန့် ညွှန်ကြားချက်နဲ့ နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကို မလိုက်နာတဲ့အတွက် တိုင်းလွှတ်တော်ကနေ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ဆီကို လိုအပ်သလို အရေးယူနိုင်ရေး တရားဝင် တင်ပြပေးဖို့ အဆိုတင်ခဲ့တာပါ။
အရေးကြီးအဆိုတစ်ခုအနေနဲ့ ဇွန်လ ၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌကို ပေးပို့ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတိပေးထားပြီး နိုင်ငံတော်သမ္မတရုံးကလည်း ဖြေရှင်းချက်ပေးဖို့ ညွှန်ကြားထားပါတယ်။
ဦးကျော်ဇေယျဟာ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ပါတီက ထုတ်ပယ်လိုက်တာဖြစ်ပြီး အခုအချိန်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှာ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပါတယ်။ အဆိုကို တင်ခွင့်မပြုခဲ့တဲ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆီကို RFA ကဒီကနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး စည်းကမ်းတွေ ထုတ်ပြန်ထားတဲ့ကာလအတွင်း လူစုလူဝေးနဲ့ တရားပွဲ ပြုလုပ်ခဲ့မှုနဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ် (ခ) စောဒေးဗစ်လားကိုတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က)နဲ့ အရေး ယူထားပြီး နာမည်ကျော် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

No comments:

Post a Comment