ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ၈၇၇-ခုကို မှတ်တမ်းတင်ထားပြီး ( ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မြောက်ပိုင်းနှင့် ထိစပ်နေသော ) ဆက်ဒါမြို့နယ်မှာ အများဆုံးဖြစ်၍ ကူးစက်ခံ ရသူ ၃၆၄ - ဦး ရှိနေကြောင်း အိန္ဒိယအခြေစိုက် Time Now News က ယမန်နေ့ ဖော်ပြသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အများဆုံးတွေ့ရှိရခြင်းကြောင့် ဘင်္ဂလားဒက်ရှ်အာဏာပိုင်များက ကော့ခ်ဘဇားခရိုင်အား “ ရောဂါဖြစ်ပွားမှု အနီရောင်ဇုန် “ အဖြစ်သတ်မှတ်ခဲ့သည်။ ကော့ခ်ဘဇားနယ်မြေအတွင်း ဒုက္ခသည်ဘင်္ဂါလီတို့၏ ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်းသည် တည်ရှိနေသည်။
အဆိုပါ ကော့ခ်ဘဇားခရိုင်မှာ ဘင်္ဂလားဒက်ရှ်အစိုးရက တစ်နိုင်ငံလုံး Lock down တားဆီးပိတ်ဆို့ခြင်း ပယ်ဖျက်ခဲ့သည့် လွန်ခဲ့သောရက်သတ္တတစ်ပတ်အတွင်း ယခုကဲ့သို့ ဗိုင်းရပ်စ်ရောဂါကူးစက်မှု လျှင်မြန်စွာမြင့်တက်လာခြင်းဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်မီဒီယာ bdnews24 ကဖော်ပြသည်။
ကိုရိုနာဗိုင်းရပ်ရောဂါတားဆီးကာကွယ်ရေးအတွက် ခရိုင်အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ကော့ခ်ဘဇားနယ်မြေတစ်ခုလုံးကို ဇွန်လ ၂၀ -ရက်နေ့အထိ တားဆီးပိတ်ဆို့ထားမည်ဖြစ်ကြောင်း သိရှိရသည်။
အထူးသဖြင့် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဘင်္ဂါလီ ၃၅-ဦး တို့၌ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။
တားဆီးပိတ်ဆို့မှုများ ပြဋ္ဌာန်းရာတွင် ဇုန်အတွင်း၌ ပုဂ္ဂလိက၊ မိသားစု၊ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးစုဝေးမှု အားလုံးကို အာဏာပိုင်များက တားမြစ်ထားသည်။ ထို့အပြင် လူတိုင်းသည် နေအိမ်တွင်း၌သာ နေထိုင်ကြရမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးတွင် နံနက် ၈-နာရီမှ ည ၈-နာရီအကြား မရှိ-မဖြစ် ကုန်ပစ္စည်းတင်ယာဉ်များမှအပ အများပိုင်နှင့် ပုဂ္ဂလိကပိုင် ယာဉ်အားလုံး ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည်။
ကုန်စုံဆိုင်များနှင့် ဟင်းသီးဟင်းရွက်ဆိုင်များသည် တနင်္ဂနွေနှင့် ကြာသပတေးနေ့များတွင် ၈-နာရီကျ ဖွင့် လှစ်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအားလုံးနှင့် အခြားဆိုင်များ ဆက်လက်ပိတ်ထားလိမ့်မည်။ အကူအညီပေးရေး ပစ္စည်းဖြန့်ဝေခြင်းသာမက မည်သူမဆို လူစုလူဝေးပြုလုပ်ခြင်းမှ ကြပ်တည်းစွာ တားမြစ်ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုပေါင်း ၆၃,၀၀၀ ကျော်ရှိပြီးလူပေါင်း ၈၅၀ ခန့် သေဆုံးခဲ့ပြီးကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

crd-Htay Oung #Myanmar_Online_News
>>zawgyi<<
ကော့ခ်ဘဇား ဒုက္ခသည်စခန်းအား ရောဂါဖြစ်ပွားမှု အနီရောင်ဇုန် သတ်မှတ်
Sunday, June 7, 2020

0 comments:
Post a Comment