Sunday, June 28, 2020

မန္တလေးမြို့ လမ်း ၈၀ မီးပွိုင့်တွင် ဆိုင်ကယ်စီးလာသည့် စုံတွဲတစ်တွဲ ပစ်ခတ်ခံရပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိ

မန္တလေးမြို့၌ သမီးရည်းစား ဆိုင်ကယ်အတူစီးလာစဉ် ကျုံးဘေး လမ်း ၈၀ မီးပွိုင့်တွင် အခြား ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားနှစ်ဦးက သေနတ်ဟု ယူဆရသော အရာဖြင့် တစ်ချက် ပစ်ခတ်ခဲ့မှု ဇွန်(၂၇)ရက် ည(၈)နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)နေ အသက်(၁၇)နှစ်အရွယ် အမျိုးသားသည် ရည်းစားဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် ကျုံးဘေး ၂၆လမ်းအတိုင်း မောင်းနှင်လာပြီး ၂၆လမ်းနှင့် လမ်း၈၀ မီးပွိုင့်တွင် မီးနီ၍ ရပ်စောင့်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦး စီးနှင်းလာသည့် ဆိုင်ကယ်တစ်စီး နောက်မှရောက်ရှိလာပြီး သေနတ်ဟု ယူဆရသောအရာဖြင့် ပစ်ခတ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့ ပစ်ခတ်ခံရသဖြင့် အသက်(၁၇)နှစ်အရွယ် အမျိုးသားတွင် နံဘေးဖောက်ဝင် ထိခိုက်ဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရ အရေးယူပေးပါရန် ဒဏ်ရာရသူ၏ ဖခင်က အမှုဖွင့် တိုင်တန်းသဖြင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၃၀၇/၃၂၆ (လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှု့ဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။
crd-Mandalay Indepth News #Myanmar_Online_News
>>zawgyi<<

No comments:

Post a Comment