Wednesday, June 24, 2020

အမေရိကန်နိုင်ငံ မြို့တော်တွင်ဆန္ဒပြသူများကို အင်အားသုံးမည်ဟု အမေရိကန်သမ္မတ ခြိမ်းခြောက်

အမေရိကန်၏မြို့တော်ဝါရှင်တန်ရှိ autonomous zone တွင် ဆန္ဒပြရန်ကြိုးစား မည်ဆိုပါက အင်အားသုံးမည်ဟု အမေရိကန်သမ္မတ Trump မှ ဝါရှင်တန်ရှိ ဆန္ဒပြသူများအား ဇွန်လ ၂၃ ရက်နေ့တွင် ပြင်းထန်သော သတိပေးမှု တစ်ခုပြုလုပ်ခဲ့ပါသည်။
နိုင်ငံအနှံ့အပြားဆန္ဒပြမှုကာလအတွင်း အမျိုးသားအထိမ်းအမှတ်အဆောက် အအုံများဖျက်ဆီးသည့် မည်သူ့ကိုမဆို မင်းမဲ့စရိုက်ပြုမှုခြင်းအတွက် ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း Trump မှ ခြိမ်းခြောက်ခဲ့ပါသည်။
သမ္မတ Trump သည် အမေရိကန်ရှိ မည်သည့်အထိမ်းအမှတ်အဆောက်အဦး၊ ရုပ်ထု သို့မဟုတ် နိုင်ငံ ပိုင်ပစ္စည်းတို့ကို ဖျက်ဆီးသည့်မည်သူ့ကိုမဆို ဖမ်းဆီး ရန်အတွက် ဖက်ဒရယ် အစိုးရအားအမိန်ပေးခဲ့ပြီး အ နည်းဆုံးထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရမည်ဖြစ်ကြောင်း ၎င်း၏ Tweeter ပေါ်တွင်ပြောကြားခဲ့ပါသည်။
source - CNA #Myanmar_Online_News

No comments:

Post a Comment