Thursday, June 4, 2020

ရန်ကုန်တိုင်းဝန်ကြီးချုပ် ရွေးကောက်ပွဲ ဝင်မပြိုင်ဖို့ တင်ပြထားကြောင်း ဦးဝင်းထိန်ပြော

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ကျန်းမာရေးအရ ဝင်မပြိုင်ဖို့ ပါတီကို တင်ပြထားပြီး ပါတီကတော့ ဒီကိစ္စကို လက်မခံသေးဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ ဦးဖြိုးမင်းသိန်းဟာ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီအဖွဲ့ဝင်တွေထဲ အသက်အငယ်ဆုံး ဖြစ်ပါတယ်။
"သူကတော့ မပြိုင်တော့ဘူးလို့ ပြောတယ်။ ကျန်းမာရေးကြောင့်ပေါ့။ နှလုံးကခွဲထားတာကိုး။ အဓိကက stress တွေမခံနိုင်ဘူး။ သေချာတယ်။ ဒါဆက်လုပ်နေရင် သူ့ကျန်းမာရေး ထိမှာပေါ့။ ဒါကြောင့်ပါ။ ဒါပေမယ့် ပါတီဘက်ကတော့ လက်မခံသေးဘူး" လို့ ဦးဝင်းထိန်နဲ့ ဘီဘီစီတို့ ဇွန် ၃ ရက်က သီးသန့်တွေ့ဆုံခန်းမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အခြေအနေ ဘယ်လိုရှိသလဲလို့ မေးမြန်းရာမှာတော့ ဒေါက်တာဇော်မြင့်မောင်က ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းရွေးချယ်ရေးကိစ္စအပါအဝင် ပါတီလုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့ရှိတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်ကာလအတွင်း ဗိုလ်တထောင်စေတီမှာ ရှင်ဥပဂုတ္တ မထေရ်မြတ် ရေချ ပူဇော်ပွဲပြုလုပ် ခဲ့မှုနဲ့ပတ်သက်လို့ သမ္မတရုံးက ထုချေလွှာ တောင်းထားတာဟာလည်း ဒီအဆင့်နဲ့ပဲ ပြီးသွားမှာပဲလို့ ဦးဝင်းထိန်ကပြောပါတယ်။
"(ဝန်ကြီးချုပ်) ဖြိုးမင်းသိန်းကို သမ္မတရုံးက သူ့ကိုထုချေလွှာတောင်းထားတယ်။ ထုချေလွှာတင်ပြီးရင် ပြီးတာပဲ။ ဘာမှမဟုတ်ဘူး" လို့ ဦးဝင်းထိန်က ဆိုပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခွင့်မရ
မကြာသေးခင်က တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုနဲ့ ထောင်နှစ် ၃၀ ချမှတ်ခံရတဲ့အပေါ် စိတ်မချမ်းမသာဖြစ်ရကြောင်း ဦးဝင်းထိန်ကပြောပါတယ်။
ဒေါက်တာလဲ့လဲ့မော်ဟာ ဦးဝင်းထိန် ကိုယ်တိုင် ရွေးချယ်ပြီး ခန့်အပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။
ဦးဝင်းထိန်က သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ သူနဲ့ အဆက်အသွယ်မရှိတာ အနည်းငယ်ကြာနေပြီးဖြစ်ပြီး သူ့ဇနီးနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် အမြဲအဆက်အသွယ်ရှိတယ်လို့ ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရဖို့အလားအလာနဲ့ပတ်သက်လို့တော့ အရင်ရွေးကောက်ပွဲလောက် အနိုင်ရဖို့ မလွယ်ကြောင်းနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိတော့ နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ကိုဗစ်ရောဂါထိန်းချုပ်ရေးအခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ကြေညာမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။
၂၀၁၈ ဇွန်လမှာ ဦးဝင်းထိန်ဟာ သြစတြေးလျနိုင်ငံကိုဆေးကုသဖို့ ထွက်ခွာသွားခဲ့ပြီး ထိုစဉ်က အခုလို ခရီးထွက်သွားတဲ့အပေါ် ပါတီကို တစ်စုံတစ်ရာအကြောင်းကြားတာမရှိခဲ့ဘူးလို့ ပါတီဘက်က ပြောကြားခဲ့တာတွေရှိခဲ့ပါတယ်။
>>zawgyi<<
ရန်ကုန်တိုင်းဝန်ကြီးချုပ် ရွေးကောက်ပွဲ ဝင်မပြိုင်ဖို့ တင်ပြထားကြောင်း ဦးဝင်းထိန်ပြော
Thursday, June 4, 2020
ဦးဖြိုးမင်းသိန်းဟာ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီအဖွဲ့ဝင်တွေထဲ အသက်အငယ်ဆုံး ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ကျန်းမာရေးအရ ဝင်မပြိုင်ဖို့ ပါတီကို တင်ပြထားပြီး ပါတီကတော့ ဒီကိစ္စကို လက်မခံသေးဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
"သူကတော့ မပြိုင်တော့ဘူးလို့ ပြောတယ်။ ကျန်းမာရေးကြောင့်ပေါ့။ နှလုံးကခွဲထားတာကိုး။ အဓိကက stress တွေမခံနိုင်ဘူး။ သေချာတယ်။ ဒါဆက်လုပ်နေရင် သူ့ကျန်းမာရေး ထိမှာပေါ့။ ဒါကြောင့်ပါ။ ဒါပေမယ့် ပါတီဘက်ကတော့ လက်မခံသေးဘူး" လို့ ဦးဝင်းထိန်နဲ့ ဘီဘီစီတို့ ဇွန် ၃ ရက်က သီးသန့်တွေ့ဆုံခန်းမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အခြေအနေ ဘယ်လိုရှိသလဲလို့ မေးမြန်းရာမှာတော့ ဒေါက်တာဇော်မြင့်မောင်က ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းရွေးချယ်ရေးကိစ္စအပါအဝင် ပါတီလုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့ရှိတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်ကာလအတွင်း ဗိုလ်တထောင်စေတီမှာ ရှင်ဥပဂုတ္တ မထေရ်မြတ် ရေချ ပူဇော်ပွဲပြုလုပ် ခဲ့မှုနဲ့ပတ်သက်လို့ သမ္မတရုံးက ထုချေလွှာ တောင်းထားတာဟာလည်း ဒီအဆင့်နဲ့ပဲ ပြီးသွားမှာပဲလို့ ဦးဝင်းထိန်ကပြောပါတယ်။
"(ဝန်ကြီးချုပ်) ဖြိုးမင်းသိန်းကို သမ္မတရုံးက သူ့ကိုထုချေလွှာတောင်းထားတယ်။ ထုချေလွှာတင်ပြီးရင် ပြီးတာပဲ။ ဘာမှမဟုတ်ဘူး" လို့ ဦးဝင်းထိန်က ဆိုပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခွင့်မရ
မကြာသေးခင်က တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုနဲ့ ထောင်နှစ် ၃၀ ချမှတ်ခံရတဲ့အပေါ် စိတ်မချမ်းမသာဖြစ်ရကြောင်း ဦးဝင်းထိန်ကပြောပါတယ်။
ဒေါက်တာလဲ့လဲ့မော်ဟာ ဦးဝင်းထိန် ကိုယ်တိုင် ရွေးချယ်ပြီး ခန့်အပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။
ဦးဝင်းထိန်က သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ သူနဲ့ အဆက်အသွယ်မရှိတာ အနည်းငယ်ကြာနေပြီးဖြစ်ပြီး သူ့ဇနီးနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် အမြဲအဆက်အသွယ်ရှိတယ်လို့ ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရဖို့အလားအလာနဲ့ပတ်သက်လို့တော့ အရင်ရွေးကောက်ပွဲလောက် အနိုင်ရဖို့ မလွယ်ကြောင်းနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိတော့ နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ကိုဗစ်ရောဂါထိန်းချုပ်ရေးအခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ကြေညာမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။
၂၀၁၈ ဇွန်လမှာ ဦးဝင်းထိန်ဟာ သြစတြေးလျနိုင်ငံကိုဆေးကုသဖို့ ထွက်ခွာသွားခဲ့ပြီး ထိုစဉ်က အခုလို ခရီးထွက်သွားတဲ့အပေါ် ပါတီကို တစ်စုံတစ်ရာအကြောင်းကြားတာမရှိခဲ့ဘူးလို့ ပါတီဘက်က ပြောကြားခဲ့တာတွေရှိခဲ့ပါတယ်။

0 comments:

Post a Comment