သံစုံတီးဝိုင်းဝယ်ယူရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကျပ်သိန်း ၁၃၇၄သိန်းကို တိုင်းဒေသကြီးလွှတ်တော်သို့ တောင်းခံထားသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်သို့တင်သွင်းထားသည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဌာနဆိုင်ရာအလိုက်တောင်းခံထားသည့် လျာထားချက်ငွေစာရင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးဌာနမှ တောင်းခံထားခြင်းဖြစ်သည်။ "ရူးနေလို့တောင်းတာရယ်။ကန့်ကွက်ရမယ်။တစ်ယောက် ယောက်က ရောင်းချင်လို့စည် ပင်ကိုလာပြောထားလို့ဖြစ်မယ်။ ပေါကြောင် ကြောင်လုပ်ရပ်ဗျ"ဟု ဦးကျော်ဇေယျက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး" ဌာနရဲ့ဧည့်ခံပွဲ အခမ်းအနား တွေမှာအသုံးပြုဖို့လို့ဆိုပါတယ်။ ဒီလိုကိစ္စမျိုးတွေအတွက် ဌာနကတာဝန်ရှိသူ အဆင့်ဆင့် သေချာစီစစ်ပြီးမှ လွှတ်တော်ကို တင်သင့်ကြောင်းအကြံပြုလိုပါတယ်"ဟု ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာကပြောသည်။
ထို့ပြင် " သံစုံတီးဝိုင်းကိုဘယ်နေရာမှာဘယ် လောက်သုံးမှာလဲ။ ဒီလောက်ပိုက်ဆံတွေကို သုံးပြီးဆောင်ရွက်လိုက်တဲ့အခါ ကျွန်တော်တို့မြို့တော်အတွက်ဘယ်လောက်အကျိုးရှိပြီး အသုံးတည့်သလဲ။ ဒီထက်အရေးကြီးကြီးတာတွေလုပ်စရာမရှိတော့ဘူးလားဆိုတာ ပြန်စဥ်းစားသုံးသပ်သင့်ပါတယ်"ဟု သန်လျင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်းကပြောသည်။
၂၀၂၀ _ ၂၀၂၁ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အသုံးပြုမည့် ရငွေစာရင်းမှာ ကျပ်သန်းပေါင်း ၉၂၀ ဘီလျံဖြစ်ပြီး ယမန်နှစ်ရငွေကျပ် ၇၇၂ ဘီလီယံထက်ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်သည်။
Ref-TheFifthWaveNews #Myanmar_Online_News
>>zawgyi<<
ရန်ကုန်စည်ပင်က သံစုံတီးဝိုင်းဝယ်ရန် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် တောင်းခံ
Thursday, June 4, 2020
သံစုံတီးဝိုင်းဝယ်ယူရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကျပ်သိန်း ၁၃၇၄သိန်းကို တိုင်းဒေသကြီးလွှတ်တော်သို့ တောင်းခံထားသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်သို့တင်သွင်းထားသည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဌာနဆိုင်ရာအလိုက်တောင်းခံထားသည့် လျာထားချက်ငွေစာရင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးဌာနမှ တောင်းခံထားခြင်းဖြစ်သည်။ "ရူးနေလို့တောင်းတာရယ်။ကန့်ကွက်ရမယ်။တစ်ယောက် ယောက်က ရောင်းချင်လို့စည် ပင်ကိုလာပြောထားလို့ဖြစ်မယ်။ ပေါကြောင် ကြောင်လုပ်ရပ်ဗျ"ဟု ဦးကျော်ဇေယျက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး" ဌာနရဲ့ဧည့်ခံပွဲ အခမ်းအနား တွေမှာအသုံးပြုဖို့လို့ဆိုပါတယ်။ ဒီလိုကိစ္စမျိုးတွေအတွက် ဌာနကတာဝန်ရှိသူ အဆင့်ဆင့် သေချာစီစစ်ပြီးမှ လွှတ်တော်ကို တင်သင့်ကြောင်းအကြံပြုလိုပါတယ်"ဟု ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာကပြောသည်။
ထို့ပြင် " သံစုံတီးဝိုင်းကိုဘယ်နေရာမှာဘယ် လောက်သုံးမှာလဲ။ ဒီလောက်ပိုက်ဆံတွေကို သုံးပြီးဆောင်ရွက်လိုက်တဲ့အခါ ကျွန်တော်တို့မြို့တော်အတွက်ဘယ်လောက်အကျိုးရှိပြီး အသုံးတည့်သလဲ။ ဒီထက်အရေးကြီးကြီးတာတွေလုပ်စရာမရှိတော့ဘူးလားဆိုတာ ပြန်စဉ်းစားသုံးသပ်သင့်ပါတယ်"ဟု သန်လျင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်းကပြောသည်။
၂၀၂၀ _ ၂၀၂၁ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အသုံးပြုမည့် ရငွေစာရင်းမှာ ကျပ်သန်းပေါင်း ၉၂၀ ဘီလျံဖြစ်ပြီး ယမန်နှစ်ရငွေကျပ် ၇၇၂ ဘီလီယံထက်ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်သည်။
Ref-TheFifthWaveNews #Myanmar_Online_News

0 comments:
Post a Comment